Chapter 7

24.6K 2.5K 185
                                    

(Unicode)

🎶Oh baby, why don't you just meet me in the middle?
I'm losing my mind just a little
So why don't you just meet me in the middle?
In the middle🎶

ညက ကြည့်ထားသော Game of Throne ရုပ်ရှင်မှ မင်းသမီးလေး Emilia Clarke နှင့် နှစ်ပါးသွား ချစ်ဇာတ်လမ်းလေး စကြတော့မည့်ဆဲဆဲ ကျယ်လောင်စွာ ကြားလိုက်ရသော အသံကြောင့် ခန့်ညားရှိန် အလန့်တကြား ငုတ်တုပ်ထထိုင်လိုက်မိသည်။

အိပ်မှုန်စုံမွှားနှင့် အိပ်ရာဘေးခုံပေါ်က မျက်မှန်ကို ကောက်တပ်ကာ နာရီကို လှမ်းကြည့်လိုက်တော့ မနက် ရှစ်နာရီသာ ရှိသေးသည်။

ကျစ်စ် ဒီလို အိမ်မက်လှလှလေး မက်နေတုန်းမှကွာ။
ဘယ်ခွေးသူတောင်းစားက စောစောစီးစီး ဖုန်းဆက်နေတာလဲ။

စိတ်တိုစိတ်ပျက်ခြင်းပေါင်းများစွာနှင့် ဖုန်းကို ယူကာ ကြည့်လိုက်မိတော့ ထင်ထားသည့်အတိုင်း ဥက္ကာ။

"ဘာလဲကွာ။
စောစောစီးစီး မင်းကြီးတော် သေလို့လား။
သူများ ဘယ်လို အိမ်မက်တွေ မက်နေမလဲဆိုတာ နည်းနည်းလေးမှ အားနာသမှု မရှိဘူးလား။”

သူ မကြည်မလင် အသံကြီးနှင့် အားပါးတရ ပြောဆိုလိုက်သော်လည်း ဟိုဘက်က အနည်းငယ်မျှ နာသွားပုံ မပေါ်။
တဟဲဟဲ ရယ်နေသေးသည်။

"မင်း ပေါက်တက်ကရ အိမ်မက်တွေ မက်နေပြီဆိုတာ သိလို့ကို တမင် နှောင့်ယှက်တာ။”

"ခွေးသူတောင်းစား။”

ခန့်ညားရှိန် ဆဲချလိုက်သော်လည်း ဟိုဘက်က အရယ်မပျက်ပေ။

"ကဲကဲ ငါ အကောင်းပြောမယ်။
ငါ့အစ်ကိုဝမ်းကွဲ သင်္ဘောသား မိုက်ကယ်ကို သိတယ်မလား။
အဲ့တာ သူ သင်္ဘောပြန်မတက်ခင် ဒီည သူ့အိမ်မှာ ပါတီပေးမလို့တဲ့။
အဲ့တာ မင်းရော၊ ရောင်နီ့ကိုရောပါ ဖိတ်ခိုင်းထားလို့။
စိတ်ပြေလက်ပျောက် လာခဲ့ကွာ။
မင်းလည်း အိမ်ထဲက မထွက်တာ ဘယ်နှစ်ရက် ရှိနေပြီလဲ။
မင်း လက် မသက်သာသေးရင်လည်း ငါ လာခေါ်ပေးမယ်။”

ဥက္ကာ ပြောစကားကို ကြားတော့ ပတ်တီးစီးထားဆဲ ညာလက်ကို ငုံ့ကြည့်ကာ ခန့်ညားရှိန် သက်ပြင်းချမိသည်။

"လာခဲ့စမ်းပါကွာ။
မိုက်ကယ်က မိတ်ဆွေများတော့ အဲ့မှာ အလွှာစုံက အလန်းဇယားလေးတွေ အများကြီး လာမှာနော်။
မင်းလည်း Josh ပြီးကတည်းက တွဲစရာလူ မရသေးဘူးမလား။
အပျင်းပြေ တစ်ယောက်လောက် ရှာကြည့်ပေါ့ကွ။”

OH...My Beloved BadassWhere stories live. Discover now