Chapter 32

16.3K 2K 194
                                    

(Unicode)

"အ...အိုး...sry ပါ sry sry
ကျွန်တော် နောက်လှည့်ကြည့်လိုက်မိလို့ အရှေ့ကို သတိမထားမိလိုက်တာ တကယ် sryပါ"

"ကျစ်..."

ခွန်းထက်မာန် ဝိုင်ခွက်ကို ဘေးချကာ ပျာပျာသလဲလဲ တောင်းပန်တော့ ထင်ထားသည့်အတိုင်း ထို နုဖတ်ဖတ်ဆီမှ စိတ်ပျက်လက်ပျက် စုတ်သပ်သံ ထွက်လာသည်။

အခုနက ပြုံးပန်းဝေနေသော မျက်နှာက ချက်ချင်း ရှစ်ခေါက်ချိုး သွားသည်။
ဖြစ်လည်း ဖြစ်ချင်စရာ...
ခွန်းထက်မာန် မတော်တဆ တမင်တကာဖြင့် လောင်းချလိုက်သော ဝိုင်နီတွေက သူ့ အပေါ်ကုတ် အဖြူတစ်ခုလုံး အရွှဲသား စိုသွားခဲ့တာကိုး။

"ကျစ်...စိတ်ပျက်လိုက်တာ
ခင်ဗျား ဘယ်လို ပြန်လုပ်ပေးမလဲ။
စိတ်ညစ်ပါတယ်"

ဒီလောက်ထိ ​ပျာပျာသလဲလဲ ဖြစ်နေပုံထောက်ရရင် ထို branded ဝတ်စုံက ငှားလာတာ သို့မဟုတ် စပွန်ဆာ ပေးလိုက်တာပင် ဖြစ်ရမည်။

"ဟို...ကျွန်တော် အဆင်ပြေအောင် ပြန်လုပ်ပေးပါ့မယ်။
အပေါ်ကုတ်ပေးလိုက်ရင် ကျွန်တော် အခု သွားလျှော်ခိုင်းလိုက်ပါ့မယ်။"

"အာ...ဒီ ဝိုင်တွေက တော်တော်နဲ့ ကျွတ်မှာ မဟုတ်ဘူး။
လျှော်ရုံနဲ့ ဘယ်ရပါ့မလဲ
ခင်ဗျားကလည်း စကားကိုပါ နမော်နမဲ့..."

"ဘာဖြစ်လဲ Josh"

အချိန်ကိုက်ကြားလိုက်ရသော အသံကြောင့် ခွန်းထက်မာန် နှုတ်ခမ်းတွန့်လိုက်မိသည်။
ထို့နောက် ချိုချိုသာသာလေး ပြုံးကာ နောက်လှည့်လိုက်တော့ ဟိုလူကြီး မျက်နှာက ချက်ချင်း လင်းခနဲ ဖြစ်သွားသည်။

"အာ...အန်ကယ်
ဒီညီလေးကို မတော်တဆ ဝင်တိုက်မိတာ သူ့အကျီတစ်ခုလုံး ဝိုင်တွေနဲ့ ပေပွ ကုန်လို့။
အဲ့တာကို လျှော်ပေးတာနဲ့ အဆင်မပြေရင် အဆင်ပြေအောင် လုပ်ပေးပါ့မယ်။
အသစ် ဝယ်ဆိုလည်း ဝယ်ပေးပါ့မယ်။"

ခွန်းထက်မာန် အပြုံးမပျက် ခပ်အေးအေး ပြောလိုက်တော့ ထိုလူကြီးက ချက်ချင်း ပျာပျာသလဲလဲ ဖြစ်သွားသည်။

"မ...မဟုတ်တာ။
ဒီလောက်လေးကို ဝယ်ပေးစရာ မလိုပါဘူး။
မတော်တဆ ဖြစ်တာပဲ ရတယ် ရတယ်။
အား နာမနေနဲ့။"

OH...My Beloved BadassWhere stories live. Discover now