Chapter 66

13.5K 1.4K 101
                                    

(Unicode)

"ဘာ...
အတိုက်အခံ ခံရပြီဆိုတာ မင်း ဘာကို ပြောတာလဲ။”

ခန့်ညားရှိန် အမောတကော မေးလိုက်တော့ ရှေ့မှ ကောင်လေးက အသက်ကို အလုအယက် ရှူသည်။

"Lexus အမည်း နှစ်စီး။
ရှေ့တံခါးကို လက်ပစ်ဗုံး ခွဲပြီး ဝင်လာတာ။
တံခါး ပျက်စီးပြီး ဒီနေ့တာဝန်ကျတဲ့ thaw နဲ့ Ben ထိသွားတယ်။
ခု ခြံထဲကို လူခွဲပြီး ဝင်လာသမျှကို လိုက်ဖမ်းဖို့ လုပ်နေကြပြီ။”

ဘာမှန်းမသိ ရှုပ်ထွေးနေသော စကားတွေကြောင့် သူ မျက်မှောင်ကုတ်မိသွားစဥ်မှာပဲ....

"သူ သိသွားပြီ။”

ဘေးမှ ဂိုဏ်းချုပ်၏ အထိတ်အလန့် ရေရွတ်သံကြောင့် ခန့်ညားရှိန် ရင်တစ်ခုလုံး ဗြောင်းဆန်သွားရသည်။

သိသွားပြီ...

အဲ့..အဲ့ဆို အဓိပ္ပါယ်က...

"ဝုန်း...”

"ဒိုင်း...ဒိုင်း...ဒိုင်း...”

ကြောက်မက်ဖွယ် အတွေးပင် မဆုံးသေး၊ နောက်တစ်ကြိမ်ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးနှင့် တရစပ် တွဲပါလာသော သေနတ်သံတွေ....

အကြားအားရုံနှင့်ပင် ထို အသံတွေက အတော်လေး နီးကပ်နေ ပြီဆိုတာ ခန့်မှန်းနိုင်သည်။

"ရှေ့ပေါက်က သက်သက် အာရုံ လွှဲတာပဲ...
နောက်ကပါ သူတို့ဖောက်ဖို့ ကြိုးစားတာ...
အခန်းထဲ ထွက်ပေါက်ကနေ နောက်ဘက် ခြံထဲကို ရအောင် ရှင်း...
ဒီတိုင်း လက်လွတ်စပယ် မလုပ်နဲ့။
အပေါ်ထပ်မှာ ကျန်ခဲ့တဲ့သူတွေကို CCTV ကနေ တောက်လျှောက် ကြည့်ခိုင်း။
အဆက်အသွယ် မပြတ်စေနဲ့။
အပေါ်လည်း လုံးဝ တက်မရအောင် ထိန်း...”

ဂိုဏ်ချုပ်စကားဆုံးသည်နှင့် ညာဘက် အခန်း အကွေ့တစ်ခုထဲသို့ ပြေးဝင်သွားသော ထိုကောင်လေး...

သူ အူလည်လည်ဖြင့် နေရာမှာ ကြောင်တောင်တောင် ရပ်နေမိသည်။

အောက်ထပ်မှာမှ အခန်းတွေသို့ ခွဲသွားရာ အလယ်နေရာလို ဖြစ်နေ၍ လှမ်းပြေးစရာနေရာတွေ ရှိသည်။
နံရံ အစွန်များတွင် ပြတင်းပေါက်တွေလည်း ရှိသည်။
သို့သော်လည်း သူ ဘယ်ကိုသွား၊ ဘာလုပ်ရမယ်မှန်း မသိ...

OH...My Beloved BadassWhere stories live. Discover now