Chapter 58

14.3K 1.5K 56
                                    

(Unicode)

Laptop ပေါ်မှ အခင်းဓာတ်ပုံတွေကို ကြည့်ရင်း ခွန်းထက်မာန် သက်ပြင်းဖွဖွ ချမိသည်။

အလယ်ပိုင်း ကား ဘော်ဒီတစ်ခုလုံး ကြေမွသွားချက်က မြင်ရက်စရာပင် မရှိ။

"ရဲဘက်ကတော့ သူ့ လုပ်နည်းအတိုင်း ဆက်စုံစမ်းပေးမယ် ပြောတယ်။
ဒါပေမဲ့ သိတဲ့အတိုင်း..."

ကောင်လေး၏ ခပ်တွန့်တွန့် အပြောနောက် သူ မျက်လုံးလှန်ရင်း ခေါင်းညိတ်လိုက်မိသည်။

"သူတို့ စုံစမ်းလို့ တစ်သက်လုံး ပေါ်မှာလည်း မဟုတ်ဘူး။
accident လို့ပဲ သတ်မှတ်အောင် ဖို့လိုက်တော့။
Driver ထွက်ပြေးသွားပါတယ်ပေါ့။
အလကားနေ အလကား media တွေမှာ ပုံကြီးချဲ့ပြီး attention ရတာပဲ အဖက်တင်မယ်။
အမှုကို မပိတ်ဘဲ driver ကို လိုက်ရှာရုံပဲ ဖွင့်ခိုင်းရင် ခိုင်းထားလိုက်။"

"ဟုတ် အန်ကယ်ကလည်း အဲ့လိုပဲ တွေးတာ။"

"ကားနောက်ကနေ တစ်ဆင့် ငါတို့ လမ်းကြောင်းလိုက်ရင်တော့ တစ်ခုခု သိရနိုင်တယ်။
ပြောလို့တော့ မရဘူး။
သူက နောက်တစ်ယောက် နာမည် သုံးပြီး တစ်ဆင့် ဝယ်ထားတာ၊ ငှားထားတာ ဖြစ်ဖို့များတယ်။"

ပြောရင်းတန်းလန်းပင် အားမရှိတော့သလို ခံစားရသဖြင့် သူ ရပ်လိုက်မိသည်။

အန်ကယ်ထင်သလို သူ့ကို လင်းထင်က အကြံပေးနေတာ သေချာသလောက်ပင်။
မဟုတ်ရင် သူတို့ ဂိုဏ်းရဲ့ လမ်းကြောင်းတွေကို ဒီလောက် သိနေစရာမရှိ။

ဒီပုံစံအတိုင်းဆို သူ့ဘက်က ဘာပြစ်မှုမှ မလုပ်ဘဲ ဂိုဏ်းကိုပါ တစ်စစီ ဖြိုသွားနိုင်သည်။

မွန်းကျပ်ပိတ်လှောင်နေသည့် အတွေးထဲတွင် တကယ်ကို ဘာဆက်လုပ်ရမလဲ မသေချာနိုင်...

စောက်ရူးကြီးက ငါ့ဘဝကို တစ်ခါလောက်တောင် အေးအေးချမ်းချမ်း ပေးမနေချင်တာပဲ...

ငါ ဘာဝဋ်ကြွေးတွေများ သူ့အပေါ် ရှိနေခဲ့ပါလိမ့်...

"အဲ့ဆို ကျွန်တော်တို့ အရှေ့မှာ သွားပြန်ထိုင်နေလိုက်မယ်။
အန်ကယ်က ဒီည ဒီမှာပဲ စောင့်နေပေးဖို့ မှာထားလို့။"

OH...My Beloved BadassWhere stories live. Discover now