Chapter 65

13.7K 1.4K 65
                                    

A/N
Cmt ပေးမရဘူးဆိုလို့ Un ပြီး ပြန်တင်ကြည့်တာပါ။
ခု ရရဲ့လားတော့ မသိ😑

(Unicode)

"စားလေ ငယ်
ငယ် ကြိုက်တတ်တဲ့ အစပ်ဟင်းတွေပဲ ကိုယ် အဓိက ချက်ခိုင်းထားတာ။”

ပန်းကန်ထဲသို့ ရောက်လာသော အသားတစ်ပုံကို ကြည့်ရင်း ခွန်းထက်မာန် သက်ပြင်းရှိုက်မိသည်။

ခေါင်းထဲ ရီတီတီနှင့် တကယ် နေရ မသက်သာ...

အခုချိန်တွင် အစားအသောက်ကို အာသီသ ရှိဖို့ မပြောနှင့်၊ မြင်နေရတာတောင် အန်ချင်နေသည်။

ခါးစောင်းမှ ဒဏ်ရာက စက္ကန့်မလပ် တဖျင်းဖျင်းကို နာကျင်နေသည်။
တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နွမ်းလျမှုကလည်း ပြောမပြတတ်။

လောလောလတ်လတ် ရထားသည့် ထိတ်လန့်စရာ အထိအတွေ့ကလည်း သူ့ကို တရိပ်ရိပ် ခြောက်လန့်နေဆဲ...

အခုချိန်ထိ ထို ထိတ်လန့်စရာကို ပေးသည့်သူနှင့် နှစ်ယောက်တည်း ပူးပူးကပ်ကပ် နေ,နေရဆဲ မဟုတ်ပါလား။

ဒီ အခန်းထဲကိုပဲ လာပို့ခိုင်းထားတယ်ဆိုသည့် စကားနောက် နှစ်ယောက်စာထက် အတော်လေး ပိုလျှံသော ညစာက သူ့ရှေ့မှောက်သို့ ရောက်လာသည်။

တည်ခင်းထားသော စားပွဲက သိပ်မကျယ်လွန်းသော်လည်း မျက်နှာချင်းဆိုင် ထိုင်ဖို့လောက်တော့ အဆင်ပြေသည်။
သို့သော်လည်း ထုံးစံအတိုင်း ဦးထွဋ်က သူနှင့် ကပ်လျက် ခုံမှာသာ ထိုင်စေသည်။

အဲ့တာလည်း တစ်ခုကောင်းသည်။
L ပုံစံ  ဖြစ်၍ ခေါင်းမော့လိုက်တိုင်း ထိုမျက်နှာကို သူ မြင်နေစရာ မလို...
သူ့အတွက် ပျို့တက်ချင်စရာဆိုလို့ မျက်စိရှေ့က ဟင်းတွေသာ ရှိမည်။

"စားမကောင်းလို့လား ငယ်”

အေးစက်စက် စကားသံကို ဒုတိယအကြိမ် ကြားမှ သူ ပြန် အသိဝင်သွားမိသည်။

ဒီလူက ငါ့ကို တစ်စက္ကန့်လေးတောင် အနားမပေးချင်တာဘဲ...

"မဟုတ်ပါဘူး။
ကောင်းပါတယ်”

ပြောပြောဆိုဆို ထမင်းတစ်ဇွန်း ခပ်ကာ ပါးစပ်ထဲ ထိုးထည့်လိုက်ရသည်။

OH...My Beloved BadassWhere stories live. Discover now