Chapter 33

16.4K 2.1K 214
                                    

(Unicode)

"ကလင်...ကလင်...ကလင်”

Alarm သံကြားသည်နှင့် ခွန်းထက်မာန် ဆတ်ခနဲ ထကာ ဖုန်းကို လှမ်းယူလိုက်သည်။

Alarm ပိတ်ပြီးချက်ချင်း notifications တွေ စစ်လိုက်တော့ ရင်ထဲ နွမ်းသွားရပြန်သည်။

အလုပ်နှင့် ပတ်သတ်သည့် Email များ၊ operator များမှ message များ အပြင် အခြား ဘာမှ ရှိမနေ။

ဖုန်းကို ဘေးချကာ သူ မျက်နှာကို လက်နှင့်ကြမ်းကြမ်း ပွတ်သပ်လိုက်မိသည်။

တစ်ပတ်...
ထိုညပြီးကတည်းက ခန့်ညားရှိန်နှင့် သူ မတွေ့ရတာ တစ်ပတ်တိတိ ကြာသွားပြီ ဖြစ်သည်။

ဒီတစ်ပတ်အတွင်း ခန့်ညားရှိန်က သူ့ကို လုံးဝ အဆက်အသွယ် မလုပ်။
ခါတိုင်းလို"Good morning Leo၊ မနက်စာ ကောင်းကောင်း စားနော်” ဆိုသည့် ပြုံးဖြဲဖြဲ emoji တစ်သိန်းနှင့် message တွေလည်း မပို့။
ညဘက်တွင် အလုပ်ကိစ္စ အကြောင်းပြသော ပဒီးပဒါး ဖုန်းခေါ်မှုတွေလည်း မလုပ်။
Leo အလုပ်မသွားခင် စားသွားဖို့ဆိုပြီး မနက်စာ မုန့်လာပို့တာတွေလည်း မရှိတော့။

ခန့်ညားရှိန်ဆိုသည့် လူတစ်ယောက် သူဘဝထဲတွင် ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုးပင်။

ဘယ်လောက်ပဲ ကိုယ်ကိုယ်ကို လှည့်တွေး၊ လှည့်တွေးဟာတာတာ ဖြစ်နေသည့် ခံစားချက်ကိုတော့ သူ ဖျောက်မရ။
တစ်ပတ်လုံး နွမ်းလျနေသဖြင့် သူ အလုပ်လုပ်ရတာလည်း စိတ်မပါ။

အမှန်ဆို ခန့်ညားရှိန် မရှိခင်နှင့် အခု ခန့်ညားရှိန် ခွဲခွာသွားပြီး အချိန် နှစ်ခုက အတူတူပင် ဖြစ်သည်။
သူ့မှာ နစ်နာ ဆုံးရှုံးစရာ ဘာမှ မရှိ။
နဂိုမူလ စိတ်ရှုပ်စရာ အပေါင်းနှင့် ကင်းဝေးသော ခွန်းထက်မာန်ဘဝကိုပင် သူ အေးအေးချမ်းချမ်း ပြန်ရခဲ့သေးသည်။

အဲ့တာနှင့်များ ဘာလို့ တစ်စုံတရာ လစ်ဟာသွားလို သူ တနုံ့နုံ့ ခံစားနေရပါလိမ့်။

ခွေးကောင်လေးကလည်း တစ်ခါ ငြင်းလိုက်တာနဲ့ လုံးဝ ပျောက်သွားတော့တာပဲ။

မဟုတ်မဟတ် တွေးမိပြီးမှ သူ ကျစ်ခနဲ စုတ်သပ်မိသည်။

ခွန်းထက်မာန်ရေ
မင်း မှန်တယ် ထင်လို့ လုပ်ခဲ့ပြီးမှ ဘာတွေကို ပြန်လိုချင်နေသေးတာလဲ...
အခုလို ဖြစ်လာတာ အကောင်းဆုံး အခြေအနေပဲ မဟုတ်လား။

OH...My Beloved BadassWhere stories live. Discover now