(Unicode)
လွန်ခဲ့သော 5 နှစ်ခန့်...
"ကလင်....ကလင်....ကလင်...ကလင်...ကလင်....”
နားထဲ ပြဲကွဲစွာ ဝင်ရောက်လာသော ဖုန်းမြည်သံကြောင့် ခန့်ညားရှိန် အိပ်ပျော်နေ ရာမှ အလန့်တကြား ထ,ထိုင်လိုက်မိသည်။
ဟင်....ဘယ်က မြည်နေတာလဲ...
နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ ချက်ချင်းကြီး နိုးသွားခြင်း ဖြစ်၍ ရင်ထဲ တဒုန်းဒုန်းနှင့် အခုန် မြန်နေသည်။
ယောင်ယောင်ယမ်းယမ်းနှင့် ပြတင်းပေါက်ဘက်ကို လှည့်ကြည့်မိတော့ အလင်းရောင်အရ မိုးလင်းစသာ ရှိသေးမှန်း သူ သိလိုက်သည်။အစောကြီး ရှိသေးတာကို...
ငါများ Alarm မှားပေးသလားဟု အတွေးဖြင့် ဘေးစားပွဲမှ ဖုန်းကို ယူကြည့်လိုက်တော့လည်း screen တွင် ပြနေတာက 5:30 am....
သူ alarm ပေးထားသည့် အချိန်နှင့် နာရီဝက်တောင် လိုသေးသည်။
သို့သော်လည်း ကလင် ကလင်ဆိုသည့် ဘိုးတော်ဘုရား လေးဘက်ထောက်က ringtone သံကြီးက ခုထိ တစ်ခန်းလုံးကို ဆူညံနေဆဲ။
အဲ့တာဆို....
သူ့အတွေးပင် မဆုံးသေး...ဘေးမှ ဖြည်းဖြည်းချင်း လူးလွန့်လာပါသော အဖြူရောင် နတ်သားပေါက်။
ကော့စင်းစင်း မျက်တောင်လေးတွေ ဖြည်းညင်းစွာ ပွင့်ဟလာပုံက မနက်ခင်းတိုင်းရဲ့ မရိုးနိုင်ဆုံးသော ကျက်သရေ မင်္ဂလာတစ်ပါး။
တစ်စတစ်စ ထင်ရှားလာသော မှုန်သုန်သုန် မျက်ဆံနက်လေးတွေက တစ်နေ့တာအတွက် နှလုံးခုန်သံတွေကို အားအင်အပြည့် ဖြည့်ပေးလိုက်သလို။
ရီဝေဝေ ငိုက်မြည်းနေသည့်ကြားမှ ခန်ညားရှိန် ပြုံးမိသည်။
မနက်ခင်းတိုင်း ဒီလို ဆုလာဘ်မျိုးနှင့် နိုးထခွင့်ရခဲ့တာ ခုဆိုတစ်နှစ်ကျော်ခဲ့ပြီ။
တိတိပပပြောရရလျှင် သူ ကိုယ်တိုင် အသေးစိတ် ဒီဇိုင်း ပြောကာ မှာယူထားသော ထိုစိန်စီလက်စွပ်လေး ခွန်း လက်သူကြွယ်ပေါ် ဝတ်ဆင်ပေးခွင့် ရလိုက်ကတည်းပင်။
YOU ARE READING
OH...My Beloved Badass