Chapter 54

13.9K 1.6K 73
                                    

(Unicode)

မျက်နှာချင်းဆိုင်ထိုင်ခုံမှ သားဖြစ်သူကို ကြည့်ရင်း မိုးမြင့်ရှိန် သက်ပြင်းချမိသည်။

ဒီလိုအချိန်မျိုး ဘယ်တော့မှ ရောက်မလာဖို့ သူ ဘယ်လောက် ဆုတောင်းခဲ့ရလဲ ဘုရားသာ သိမည်။

ခုတော့လည်း ဘာဆိုဘာမှ မတတ်နိုင်တော့...

"သား အဲ့တာကို ဘယ်က သိတာလဲ။"

"အဲ့တာ အရေးကြီးလို့လား။
ဟုတ်၊ မဟုတ်ဘဲ ကျွန်တော့်ကို ပြောပြပေးလို့ မရဘူးလား။"

လိုတာထက် ပို အဆပေါင်းများစွာ တင်းမာ အေးစက်နေသော လေသံကြောင့် သူ ရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသည်။

ခေါင်းကိုငုံ့ကာ မျက်ခုံးနှစ်ခုကြားကို အသာ ဖိနှိပ်လိုက်မိသည်။
ထို့နောက် သက်ပြင်းချကာ ပြန်မော့ကြည့်မိတော့ အကြည့်စူးစူးတွေနှင့် တည့်တည့် ရင်ဆိုင်ရသည်။

မျက်ကပ်မှန် အနက်ပေါ်က မျက်ဝန်းတစ်စုံက မျှော်လင့်ချက် တစ်ချို့နဲ့ လင်းလက်နေသလို...

ငြင်းလိုက်ချင်တယ်...
ဘာတွေ လာပြောနေတာလဲလို့ အော်ထုတ်လိုက်ပစ်လိုက်ချင်တယ်...
ငါ အလုပ်များနေတယ်၊ ဝေးဝေးနေစမ်းပါ ခန့်ညားရယ်လို့ မောပန်းတကြီး နှင်လိုက်ချင်တယ်။

ဒါပေမဲ့ ဒီတစ်ခါကတော့...မဖြစ်နိုင်တော့မှန်း သိတာမို့...

"ဟုတ်တယ် ခန့်ညား။
သားက ဖေဖေရော၊ မင်းအမေနဲ့ရော ဘာဆွေမျိုးမှ မတော်စပ်ဘူး။"

ထပ်ခနဲ ကွဲကြေသွားသည့် အရိပ်အရောင်တွေက နှလုံးသားတစ်ခုလုံးကို ဆွဲဖျစ်လိုက်သလို ခံစားရစေသည်။

သားငယ်ရယ်...

"ဖေဖေ ပြောတာက..."

"အမှန်အတိုင်း...
အမှန်အတိုင်း သိချင်တယ်။
ကျွန်တော့်ကို အားလုံး ပြောပြပေးပါ။
ဒီတစ်ခါ လုံးဝ မလိမ်ညာဘဲ အမှန်အတိုင်းပဲ ပြောပြပေးပါ။"

အတုန်တုန်အယင်ယင်နှင့် အသံ ခပ်တိုးတိုးကြား မိုးမြင့်ရှိန် အံကို တင်းတင်း ကြိတ်လိုက်မိသည်။

ဘယ်လောက် ကြိုးစား ဖုံးကွယ်ထား၊ ဖုံးကွယ်ထား၊ အမှန်တရားဆိုသည့်အရာကိုတော့ တစ်သက်လုံး ဖျောက်ဖျက်ဖို့ မလွယ်ဆိုတာ သူ ရိပ်မိခဲ့ဖို့ ကောင်းပါသည်။
.............

OH...My Beloved BadassWhere stories live. Discover now