Discussion about this fiction

8.1K 707 57
                                    

(Unicode)

Hello !!

ရာသီပူပူ ညအလယ်မှာ အလွန် အင်မတန်မှ ပျင်းနေတဲ့ ဆူးဆူးလေး စာမရေးဘဲ လေပေါဖို့ အကြံရပါတယ်။
အဓိကကတော့ စာဖတ်သူတွေနဲ့ ombb အကြောင်း အာချောင်ချင်တာပါ 😆
အချိန်လေး ပိစိလေး ဆူးဆူးကို ပေးနော်👀

ပထမဆုံး ဆူး ပြောချင်တာကတော့ ဇာတ်သိမ်းခါနီးပြီလားဆိုတာလေးပါ။

ပြောရရင်တော့ မသိမ်းသေးပါဘူး 👀
နောက်ပိုင်းတောက်လျောက်မှာ ဆက်ဆွဲခေါ်သွားမယ့် ဇာတ်ကွက်တွေ အများကြီး ရှိနေပါသေးတယ်။
ခန့်မှန်းထားသလောက် 65-70 ဝန်းကျင် ဖြစ်ပြီး အဲ့ထက် ရှည်ရင်လည်း ရှည်နိုင်ပါတယ်။
ဆူး ဇာတ်အိမ်တည်ကတည်းက ဖြည်းဖြည်းချင်း ဆွဲခေါ်ဖို့ ကြိုးစားခဲ့တာမို့ ဇာတ်လမ်းက ရှည်ပါတယ်။
အရမ်း အရစ်ရှည်နေပြီ ဆူးရေလို့ ထင်ခဲ့ရင်တော့ cmt မှာ ဖြစ်ဖြစ်၊ cb မှာ ဖြစ်ဖြစ် အကြံပြုနိုင်ပါတယ်။
ဆူးကတော့ ရေးသူဆိုတော့ သိတဲ့အတိုင်း ငါတွေးတာ အားလုံးအမှန်ပဲဟေ့ဆိုတဲ့ team ကပါ😆
(တစ်နည်းအားဖြင့် team ခန့်ခန့်)

နောက်တစ်ခုကတော့ cmt တွေမှာ တွေ့တွေ့မိလို့ပါ။
Cb မှာလည်း မေးလို့ပါ
Drama တွေ လာတော့မှာလား၊ မုန်တိုင်းတွေ တိုက်တော့မှာလားဆိုတာ😆

အချစ်စစ်တို့ လမ်းကတော့ မဖြောင့်ဖြူးဘူးပေါ့ ဘာဘီတို့ရယ်၊ ရှေးစကားလည်း ရှိခဲ့တာပဲနော့
နဖူးပေါ် လက်တင်ပြီး စဥ်းစားလိုက်ရင် အဲ့တာက အသိသာကြီးပါ။
ဒါပေမဲ့ ခန်ခန့်နဲ့ Leo ရဲ့ အချစ်အကြောင်းကို ယူတို့ အသိဆုံးပါပဲ။
ဒီလောက်တောင် ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ ချစ်ခြင်းက တော်ရုံ ဘယ်ပြိုလဲမလဲ😌
အဲ့တော့ အရမ်းကြီး စိတ်မပူပါနဲ့နော်။

နောက်တစ်ခုကတော့ အချိုတွေရော ပါ,ပါအုံးမလားဟယ်၊ ပြဿနာတွေက မပြီးနိုင်ဘူးလို့ တွေးတဲ့သူများ ရှိမလား သိချင်လို့ပါ။

အဲ့တာကတော့ စောင့်ဖတ်ရင် သိရမှာပါလို့ပဲ ဆူးဆူးက ခပ်ချေချေ ပြောလိုက်ပါမယ် 😌
ဆူးကိုယ်တိုင် Roller Coster စီးရတာကို ကြိုက်ပါတယ်။
Ombb ကိုလည်း Roller Coster ပေါ် ထိုင်နေရတဲ့ feeling ရအောင် ဆူးအတတ်နိုင်ဆုံး ကြိုးစားနေပါတယ်👀
တစ်ပိုင်းပြီး တစ်ပိုင်း ဆူးနဲ့အတူ ရင်ခုန်ကြရအောင်လေနော်။
Roller coster ပေါ်က ခုန်ချချင်စိတ် ပေါက်လာရင်တော့ ရေးသူ ဆူးဆူးလေး အပြစ်ပါပဲ😆

OH...My Beloved BadassWhere stories live. Discover now