Chapter 3

34.1K 3.2K 283
                                    

(Unicode)

ခရီးရှည်ကို ကိုယ်တိုင် ကားမောင်းရသဖြင့် ပင်ပန်းတာကြောင့်ရော၊ လာရှိုးမှာ ရှိနေစဥ်ကလည်း တစ်ချက်မှ မနားဘဲ တောက်လျှောက် အလုပ်လုပ်ခဲ့ရတာကြောင့်ရော အန်ကယ်က ခွန်းထက်မာန်ကို တစ်ပတ်လောက်တော့ အေးအေးဆေးဆေး အနားယူဖို့ ပြောသည်။

အဖေဖြစ်သူက ခွင့်ပေးသော်လည်း သားဖြစ်သူ အစ်ကို ဇေယျာက အနားပေးလိုပုံ မရ။

တစ်ပတ်လုံး အိမ်တွင်းအောင်းကာ ရုပ်ရှင်လေးကြည့်၊ စာအုပ်လေးဖတ်ရင်း အနားယူမည်ဟု စိတ်ကူးထားခဲ့သော်လည်း သူ့အကြံအစည်တွေက သုံးရက်တောင် မခံလိုက်။

ညက တော်တော်နှင့် အိပ်မပျော်သဖြင့် နေမြင့်ထိ အိပ်မည့် သူ့အကြံကို မနက်စောစော ဖုန်းတကောက နှောင့်ယှက်တော့သည်။

"အစ်ကို ဇေယျာ အစောကြီး ဘာဖြစ်ရပြန်တာတုန်း။”

သူ အိပ်ချင်မူးတူး မကြည်မလင် အသံနှင့် ဖြေမိတော့ ဟိုဘက်က တဟဲဟဲ ရယ်သံ ထွက်လာသည်။

အသစ်ဖွင့်သော ရှော့ပင်းစင်တာတွင် သူ့မိတ်ဆွေ တစ်ယောက်လည်း အကျီဆိုင်ခွဲလာဖွင့်ထားသည်ဟုဆိုကာ အတူသွားဖို့ အဖော်ညှိခြင်း။

မလိုက်တော့ဘူးဟု ငြင်းလိုက်မည် ကြံရုံ ရှိသေး...

"အစ်ကို အခု မာန့် ကွန်ဒိုအောက်တော့ ရောက်နေပြီ။
လမ်းလည်း ကြုံတာနဲ့ တစ်ခါတည်း ဝင်ခေါ်သွားမလို့။
မာန်လိုက်မှာလား။”

အိမ်အောက်ထိ ရောက်နေပြီဆိုတော့ သူ ငြင်းရမှာ အားနာမိသွားသည်။

တစ်ကယ်တော့ သူ အဝတ်အစား တစ်ချို့ ဝယ်ချင်နေသည်မှာ ကြာပြီ ဖြစ်သည်။
မအားလပ်ခြင်းကြောင့် စျေးပတ်နေဖို့ အချိန်မရနိုင်။

အစ်ကို ပြောသည့် အကျီbrand ကလည်း သူ ဝတ်နေကျ သော အမျိုးအစားပဲ ဖြစ်နေတာမလို့ လိုက်သွားဖို့ပဲ ဆုံးဖြတ်လိုက်မိသည်။

"အဲ့တာဆို ခဏ စောင့်မလား အစ်ကို။
ကျွန်တော် အခုမှ အိပ်ရာနိုးတာ မလုိ့။”

"အင်းအင်း ငါသိတယ်။
ေအးအေးဆေးဆေးသာ လုပ်။
စောင့်နေမယ်။”

OH...My Beloved BadassWhere stories live. Discover now