Ombb book ထပ်တိုးထုတ်ခြင်း အ​ကြောင်း

1.7K 57 3
                                    

(Unicode)

OH...My Beloved Badass စာအုပ် ပြန်လိုချင်မယ့်သူ​တွေအတွက် ဆူး စဥ်းစားထားတာပါ။
တိုင်ပင်တယ်လို့ သ​ဘောထား​ပေးပါ​နော်။

အခု ombb စာမူနဲ့  လက်ရှိ cover ကို​တော့ ဆူးနဲ့ပဲဆိုင်​တော့တဲ့အ​ကြောင်း​ တင်ထားပါတယ်။
ပြန်ထုတ်ရင် ဆူး ခင်ရတဲ့ ညီမ​လေးရဲ့ တိုက်မှာ ပြန်ထုတ်ဖို့ရည်ရွယ်ထားပါတယ်။
ဆူး ကိုယ်တိုင်လည်း အရင်က အဲ့မှာ လုပ်ပါတယ်။
ခုက တခြား အလုပ်ရှိတာမို့ အများကြီး မလုပ်နိုင်တော့တာပါ။

ဆူးကိုယ်တိုင် ပုံနှိပ်တိုက်နဲ့ တိုက်ရိုက် ပြောထားတာအရ ဒီ cover နဲ့ပဲဆိုရင်​တော့ ဒီ​ဈေးနဲ့ပဲ ထပ်ထုတ်နိုင်ပါတယ်။
Cover ပြောင်းရင်​​တော့ Cover fees ရှိ​တာမို့ ဈေးပြန်ချိန်ဆရ​တော့မှာပါ။
ဆူး အ​နေနဲ့လည်း ဒီ cover နဲ့ ထပ်တိုးသ​ဘောပဲ ထုတ်ချင်ပါတယ်။
တစ်နှစ်​တောင် မပြည့်ခင် 2nd Edition ထုတ်ဖို့ရာ အဆင်မ​ပြေဘူးလို့ ထင်လို့ပါ။

ပုံနှိပ်က​တော့ ကြာချိန် ၁လ က​နေ အုပ်​ရေများရင်​တော့ ၁လခွဲလို့ ပြောပါတယ်။
Cash on deli ပေးပါမယ်။
အဲ့တာ​ကြောင့် စုချိန်တော့ရမှာပါ။

ခု ပထမတစ်ခါမှာ ငွေလွှဲရက် စာရင်းထဲ မပါလို့ Refund လည်း မရ၊ စာအုပ်လည်း မရတဲ့သူ​တွေ ရှိတာ ဆူး သိပါတယ်။
အဲ့လူ​တွေကို ဆူး တစ်ခုခု​တော့ ကြိုးစား စီစဉ်ပါ့မယ်။
ခု အတိအကျ မ​​ပြောနိုင်တာက စာအုပ် order အ​နေအထား ဘယ်လို ဖြစ်မယ်မှန်း မသိ​သေးလို့ပါ။
ဆူး စာမူခကို အများကြီး ထည့်သွင်းစဥ်းစားထားခြင်း မရှိလို့ အတပ်မ​ပြော​ပေးနိုင်​သေးတာ နားလည်​ပေးပါ​နော်။
အပြည့်အဝမဟုတ်ရင်​တောင် အတတ်နိုင်ဆုံး​တော့ ဆူး ထည့်သွင်းစဥ်းစား​မှာပါရှင်။

အဆင်​ပြေမ​ပြေ အကြံပြု​ပေးဖို့ မျှော်လင့်ပါတယ်၊ 🥺

(Zawgyi)




Cash on deli ပေးပါမယ်။



OH...My Beloved BadassWhere stories live. Discover now