(Unicode)
ကားပါကင်ထိုးပြီးသည်နှင့် ချက်ချင်း ကားပေါ်က မဆင်းနိုင်သေးဘဲ ခွန်းထက်မာန် အသက်ကို အရင် ပြင်းပြင်းရှူ မိသည်။ဉာဥ့်အတော်နက်နေပြီ မလုိ့ ကွန်ဒိုဝန်းတစ်ခုလုံး တိတ်တိတ်ဆိတ်ဆိတ်။
လားရှိုးမှ ရန်ကုန်အထိ တစ်ယောက်ထဲ ကားမောင်းလာရတာမလို့ သူ အတော် ပင်ပန်းနေပြီ ဖြစ်သည်။
ဒီကြားထဲ ဘာမဟုတ်တာနှင့် လမ်းမှာ နှောင့်နှေးသွားရသေးသည်။အဖြစ်အပျက်ကို ပြန်တွေးမိတော့ လက်ရဲဇက်ရဲ အူကြောင်ကြောင်ကောင်ကိုပါ မျက်စိထဲ တစ်ခါတည်း ပြန်မြင်ယောင်လာမိသည်။
ဘဝင်ကိုင်ဂုဏ်မောက်ကာ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသော သူဌေးသား လူ့ဘော်ကြော့များကို မကြာခဏ သူ ကြုံဖူးသော်လည်း ဒီလောက် ကြောင်သည့်ကောင်မျိုးကိုတော့ တစ်ခါမှ မမြင်ဖူးသေး။
အတော်လေး ဖြူသော အသားအရေ၊ ခွန်းထက်မာန်ထက်ပင် မြင့်မားသေးသော အရပ်၊ Gym သေချာဆော့ထားသော တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်တို့ကြောင့် အတော်လေး ကြည့်ကောင်းသည် ဆိုတာတော့ သူလက်ခံပါသည်။
စီးလာသောကား၏ တန်ဖိုး၊ ဝတ်ထားသော ဂျာကင်နှင့် ဖိနပ်တို့မှ brand နာမည်တွေကြောင့် တော်ရုံတန်ရုံ ချမ်းသာမှု မဟုတ်ကြောင်းလည်း သူ သဘောပေါက်သည်။
သို့သော်လည်း ရုပ်ရည် အနေအထားကတော့ သာမန် ချောမောသည့် အဆင့်ပင်။
မျက်နှာတစ်ခုလုံးတွင် မျက်ခုံးထင်းထင်းမှလွဲ၍ တခြား ဘာမှ ထူးခြားချက်မရှိ။
သူကိုယ့်သူ ဤမျှ အထင်ကြီးရလောက်သည်အထိ ဘာမှ ထွေထူးနေတာမျိုးမဟုတ်။ဒါနဲ့များ တစ်ခါပဲ တွေ့ဖူးသေးသည့် လူတစ်ယောက်ကို သူ့ကို ကပ်ဖို့ ကြံပါသည်ဟု အခိုင်အမာ စွပ်စွဲရလောက်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ ဘယ်ကများရလဲဟု ခွန်းထက်မာန် တစ်ကယ်ပင် သိချင်မိသည်။
ဒါမှမဟုတ် ကျပ်မပြည့် အဆံချောင်နေတာလည်း ဖြစ်နိုင်သည်။
ထိုကဲ့သို့ မျက်နှာကျမျိုးကို သူ မြင်ဖူးသလိုတော့ ရှိသည်။
သို့သော်လည်း များပြားလွန်းသော အလုပ်ရှင်များထဲမှ တစ်စုံတစ်ယောက်နှင့် ဆင်တူတာ ဖြစ်နိုင်သဖြင့် သူ ရှည်ရှည်ဝေးဝေး လိုက် မစဥ်းစားနိုင်တော့။
YOU ARE READING
OH...My Beloved Badass