Extra 5 (Part 1)

8.1K 892 97
                                    

(Unicode)

"ခွန်းရေ...ဘာတွေ လုပ်နေလဲ"

စာကြည့်ခန်း တံခါးကို အသာ ဟကာ လှမ်းခေါ်လိုက်သော်လည်း အသည်းပုစိက မထူး...

စားပွဲပေါ်မှ Laptop ကိုသာ ခေါင်းဝင်မတတ် ပြူးပြဲကြည့်နေသည်။

မျက်မှောင်လေးတွေကလည်း ရှုံ့။
လက်သွယ်သွယ်လေးတွေက Keyboard တွေ တဖျတ်ဖျတ် ပြေးလို့...

ဒီလူကြီးလေးကတော့...

မနက်က မနက်စာ စားရင်း တန်းလန်းကြီး "ဟာ...ဒီနေ့ စစ်ရမယ့် စာရင်း ငါ မေ့နေတာ"လို့ ထအော်၊ ပြီးတာနှင့် ဒီအခန်းကြီးထဲ ဝင်သွားလိုက်တာ ၂ နာရီလောက်တောင် ကြာပြီ။

ခုလည်း အခန်းထဲ သူ ဝင်လာကာ၊ စားပွဲဘေးရောက် ရောက်နေသည်အထိ ခေါင်းထောင်မလာသေး။

ကြည့်စမ်း...ငါ့ကို အဖတ်မလုပ် ပစ်ထားလိုက်တာများ...

"ခွန်းရေ...မောင်ခေါ်နေတာ မကြားဘူးလားလို့..."

နားရွက်ဖျားလေးတွေနားကို အသာ ကပ်ကာ ခပ်တိုးတိုး ပြောလိုက်မှ keyboard ပေါ်က လက်ချောင်းလေးတွေက ချက်ချင်း တုံ့ခနဲ ရပ်သွားတော့သည်။

ခန့်ညားရှိန် အားပါးတရ ပြုံးလိုက်မိသည်။

ဒါမျိုး လာလုပ်လို့ ဘယ်ရမလဲ...
ခန့်ညားရှိန်တဲ့ တစ်ခန့်ပဲ ရှိတယ်။
အဖတ်မလုပ်လို့ ရမတဲ့လား...

"ဘာမောင်လဲ...
လာ အာရုံ မစားနဲ့...
ငါ ၁၂ နာရီ အမှီ ပို့ပေးမယ်လို့ ပြောထားတာ"

မျက်လုံးကို laptop မှ တစ်စက်တောင် မရွေ့ဘဲ ပြောလိုက်သော ခွန်းစကားကြောင့် စိတ်ထဲ ကြိမ်းဝါးနေသမျှတွေတောင် ချက်ချင်း တန့်သွားရသည်။

"အဲ့လောက် အပင်ပန်းမခံပါနဲ့ဗျာ...
မပြီးလည်း Project manager ကို ကျွန်တော် ပြောပေးပါ့မယ်။"

"အဲ့လို ရမတဲ့လား...ငါ စာရင်းပို့မှ သူလည်း ဆက်လုပ်ပေးလို့ရမှာလေ။
တစ်ဖက်က ရှယ်ယာရှင်ကို ဘယ်လို ပြောမလဲ။
သူ့ကို ဒီနေ့ အပြီး ပို့ပေးမယ်ပြောထားတာ။
ကိုယ်ပိုင်တဲ့အလုပ်ဆိုပေမယ့် ကတိက ကတိပဲ။"

မျက်လုံးကသာ အကြည့်မလွှဲ၊ ပါးစပ်က ဇွတ်ကို တရားဟောနေတာ။

OH...My Beloved BadassWhere stories live. Discover now