Chapter 47

14.8K 1.6K 82
                                    

(Unicode)

(Warning ‼
This part may include mature content.
Read at your own risk)

ရုတ်တရက် ထိုင်းမှိုင်းလွန်းသွားသော အသိစိတ်...

နှလုံးခုန်သံ တဒိတ်ဒိတ်ကြား ပြာဝေသွားသော အမြင်အာရုံတွေ...

သို့သော်လည်း ရှေ့မှ စာရွက်တွေကိုသာ သူ မမှိတ်မသုံ ကြည့်နေမိဆဲ...

ကလေးလေး...

သူ့ရဲ့ ကလေးလေး...

ချောကလက်နဲ့ ဆွဲကြိုး လဲမယ်လို့ ပြောသွားတဲ့ သူ့ရဲ့ ကလေးလေး...

သူ ရယ်တာကို သဘောကျပါတယ်ဆိုတဲ့ သူ့ရဲ့ ကလေးလေး...

ခွန်းပျော်ဖို့ သား ပြန်လာမယ်ဆိုတဲ့ သူရဲ့ ကလေးလေး...

မယုံပါ...သူ နည်းနည်းလေးမှ မယုံနိုင်ပါ။

"ငယ်...ငါ ခေါ်နေတာ မကြားဘူးလား ဟမ်"

ပခုံးမှ ခပ်တင်းတင်း ကိုင်လှုပ်ခံရသည့် အထိအတွေ့ကြောင့် သူ အလန့်တကြား မော့ကြည့်လိုက်မိတော့...

မျက်မှောင် နှစ်ဖက်လုံး ကြုံ့ဝင်လုမတတ် စိုက်ကြည့်နေသော ဦးထွဋ်...

"ဟင့်အင်း...မဟုတ်ဘူး
ဦးထွဋ် ဒါ...ဒါက မဟုတ်ဘူးမလား
ဦးထွဋ်တို့ ဒီတိုင်း...ဒီတိုင်း..."

"အဲ့တာ မင်းနဲ့ ဘာဆိုင်လို့လဲ ဟမ်!
သူတို့ သေသေ မသေသေ မင်းနဲ့ ဘာဆိုင်လို့လဲ
ဟုတ်တယ် သုံးယောက်လုံး သေပြီ
အဲ့တာ မင်းနဲ့ ဘာဆိုင်လို့လဲလို့! !!"

အဆုံးသတ် အော်ဟစ်လိုက်သည့် ဦးထွဋ်စကားသံအဆုံး အလိုအလျောက် တလိမ့်လိမ့် စီးကျလာသော မျက်ရည်တွေနှင့်အတူ

ကြည်လင်ပြတ်သားသွားသော အတွေးတွေက ရင်တစ်ခုလုံးကို အရှိန်အဟုန်နှင့် ဝင်ဆောင့်သည်။

ဘုရားရေ...

ပူဖောင်းလေး တကယ် မရှိတော့ဘူးတဲ့...

နှလုံးသားကို အစိမ်းလိုက် ဆွဲထုတ်ခံရသလို ဟာခနဲ ဖြစ်သွားခြင်းနှင့်အတူ သူ ကြမ်းပြင်ပေါ် ပံုလျက်သားကျသွားရသည်။

"ဟင့်...ပူဖောင်းလေး ပြောတော့ ပြန်လာမယ်ဆို
ခွန်းကို ပြောတော့ ပြန်လာမယ်ဆို"

OH...My Beloved BadassWhere stories live. Discover now