Chapter 8

23.5K 2.5K 227
                                    

(Unicode)

ဟိုတယ် အခန်းထဲ ရောက်ရောက်ချင်း အသေးလေးက ရေသွားချိုးသည်။
ခန့်ညားရှိန်ကတော့ ငွေရောင် ဘလင်း ဘလင်း ဂျာကင်ကြီးကို ချွတ်ကာ ဝိုင်တစ်ခွက်ကို ငှဲ့ရင်း ကုတင်ပေါ်တွင် အေးအေးလူလူ ထိုင်စောင့်နေလိုက်သည်။

ကြုံနေကြမို့လို့ ဘာမှ မထူးဆန်းသော်လည်း ဒီညတော့ အပီပဲဟု အားခဲထားမိသဖြင့် အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိတာ အမှန်။

နာရီဝက်ခန့် အကြာမှာတော့ အသေးလေးက ပြန်ထွက်လာသည်။
ရေလဲသင်တိုင်း အပြာရင့်ရောင်ကိုသာ ဝတ်ထားလျက် ခန့်ညားရှိန် နားသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။

"ဝိုင် သောက်ဦးမလား။”

ခန့်ညားရှိန် အမေးကို ကောင်လေးက ရယ်ကာ ခေါင်းခါသည်။

"ကျွန်တော်သာ ဝိုင်သောက်ချင်ရင် ပါတီမှာပဲ နေခဲ့မှာပေါ့။
ဒီကိုလာတာ ဝိုင်သောက်ဖို့မှ မဟုတ်တာ။”

လူလေးနှင့်မှ မလိုက် အတော်လေး ဖြစ်နေသော ကောင်လေးအား ခန့်ညားရှိန် အမြင်ကပ်လာသည်။
ထို့ကြောင့် ကိုင်ထားသော ဝိုင်ခွက်ကို ဘေးချကာ ကောင်လေးကို ခါးမှ ဆွဲယူကာ ပွေ့ဖက်လိုက်သည်။

ကောင်လေးဘက်မှ သူ့ပါးကို အုပ်ကိုင်ကာ အနမ်းကြမ်းကြမ်းတွေ စ လာသည်။
ထို့နောက် တဖြည်းဖြည်းနှင့် သူ့ လည်ပင်းနားဆီသို့ လျှောဆင်းလာသည်။

ဒီလို အချိန်လောက်ဆို ရင်ခုန်သံတွေ အစချီဖို့ သင့်နေပြီ ဖြစ်သော်လည်း ထူးဆန်းစွာပင် ခန့်ညားရှိန် ဘာမှ မခံစားရသေး။

မီးရောင်အောက်တွင် ကောင်လေး၏ အသားအရေက ဖြူဥလွန်းနေသည်။
ဒီလောက် ဖြူနေတာမျိုးကို သူ မလိုချင်။
ဝင်းဝါ စိုပြေနေသော အသားအရေ ညက်ညက်လေးမှသာ ထိတွေ့လို့ ကောင်းတာ မဟုတ်လား။

ကောင်လေး၏ ပါးကို ကိုင်ကာ အနမ်းတွေကို နှုတ်ခမ်းတွေဆီသို့သာ ပြန်ဦးတည်လိုက်သည်။
သို့သော်လည်း ပျို့အန်ချင်သလို ခံစားချက်မှ လွဲ၍ ဘာဆို ဘာမှ ဖြစ်မလာ။

အလန့်တကြားနှင့် ယောင်ယမ်းကာ နှုတ်ခမ်းချင်းခွာ၍ ကောင်လေး၏ မျက်နှာကို ကြည့်မိသည်။

OH...My Beloved BadassWhere stories live. Discover now