Chapter 20

20.1K 2.2K 243
                                    

(Unicode)

"ဂျီး...ဂျီး..”

နားထဲသို့ တိုးဝင်လာသော အဆက်မပြတ် တုန်ခါသံကြောင့် ခွန်းထက်မာန် မျက်လုံးနှစ်ဖက်ကို ကြိုးစားပြီး ဖွင့်လိုက်မိသည်။

အိပ်မှုန်စုံမွှားနှင့် ထထိုင်ကာ နံရံကပ်နာရီကို လှမ်းကြည့်လိုက်တော့ ၈ နာရီနှင့် ငါးမိနစ်။

သူ alarm ပေးထားတာ ၉ နာရီ ထိုးဖို့ ဆယ်မိနစ် အလို။

ဘာတွေများ စောစောစီးစီး မြည်နေရတာလဲ။

အတွေးအဆုံးခင်မှာပဲ ကုတင်ဘေးခုံရှိ ဖုန်းက နောက်တစ်ကြိမ် ထပ်တုန်ခါလာသည်။

မပွင့်တပွင့် မျက်လုံးတွေကို ပွတ်သပ်ရင်း လက်နှင့် လိုက်စမ်းကာ ယူ ကြည့်လိုက်တော့ နံပါတ်အစိမ်း။

အိပ်ရာပေါ်သို့ ဝုန်းခနဲ ပြန်ပစ်လှဲလိုက်ချင်စိတ်ကို အတင်းမျိုသိပ်ရင်း answer ခလုတ်ကို လက်နှင့် ဆွဲပွတ်လိုက်ရသည်။

"ဟဲလို”

"ဟဲလို ခွန်း...အဲ...leo လား”

တစ်ဖက်မှ ရင်းနှီးနေသော ကို့ရိုကားယား အသံကို ကြားလိုက်တော့ သူ ဆတ်ခနဲ ဖြစ်သွားသည်။

"ခန့်ညားရှိန်”

"အင်း ဟုတ်တယ် ကျွန်တော် ဟီး”

အဆုံးသတ်က စပ်ဖြဲဖြဲ ရယ်သံကြီးကြောင့် သူ နှုတ်ခမ်းကိုက်ကာ ကျိန်ဆဲလိုက်မိသည်။

ကျစ်...အန်ကယ်က ဒီကောင့်ကို ဖုန်းနံပါတ်ပါ ပေးလိုက်တာလား။
မျောက်အုန်းသီးရသလို ဖြစ်တော့မှာပဲ။

"ဘာကိစ္စ စောစောစီးစီး ဖုန်းဆက်နေရတာလဲ။
ငါ မင်းကို ကိုးနာရီမှ လာခိုင်းထားတာလေ။”

"ဟို Leo မနိုးမှာ စိုးလို့ ကျွန်တော်က ဖုန်းဆက်ပြီး နှိုးပေးတာ။
ပြီးတော့ ကျွန်တော်က အခု ကွန်ဒိုအောက်မှာ ရောက်နေပြီ။
ဘယ်လိုလဲ ဇွဲကောင်းတယ်မလား။
နောက်လည်း ဒီထပ် ပိုပြီး ကြိုးစားအုံးမှာ။
Leo လုံးဝ စိတ်မပျက်စေရဘူး။”

ခွန်းထက်မာန် ကိုယ့်နဖူးကိုသာ ထုမိတော့သည်။
မလေးမစားနှင့် နောက်ကျမည်စိုး၍ ဆယ်နာရီ အလုပ်ကို ကိုးနာရီ ကြိုချိန်းကာမှ ကိုဇွဲကောင်းက 8နာရီကျော်ကတည်းက လာစောင့်နေသည်တဲ့။

OH...My Beloved BadassWhere stories live. Discover now