Chapter 68

16.6K 1.6K 206
                                    

(Unicode)

"တီ...တီ...တီ...”

နားထဲ တိုးတစ်လှည့်၊ ကျယ်တစ်လှည့် ဖြစ်နေသော အချက်ပြသံ...

ရှေ့တည့်တည့်မှ လဲကျနေသောလူ၏ နဖူးတည့်တည့်မှ အပေါက်နေရာ...

စက္ကန့်တွေနှင့်အတူ တရွေ့ရွေ့ ပြောင်းလဲသွားသော ရင်ဘတ်မှ နံပတ်တွေ...

မျက်လုံးထဲထိ ဖြတ်စီးလာသော ချွေးစက်ကြောင့် အရာအားလုံး ဝေဝါးသွားသလို...

ရင်ဝထိ ဆောင့်တက်နေသော နှလုံးခုန်သံက ဆူညံလွန်းသဖြင့် ဘာကိုမှ မကြားနိုင်တော့သလို....

ဦးနှောက်ထဲတွင် အတွေးနှစ်ခုသာ ထပ်ပြန်တလဲလဲ ဖြစ်နေသည်။

ငါ သူ့ကို သတ်လိုက်နိုင်ပြီ...

ပြီးတော့ ငါ ကိုယ်တိုင်လည်း သေရတော့မယ်...

ရင်ထဲ လှပ်ခနဲ ဖြစ်ကာ သူ တစ်ကိုယ်လုံး တုန်တက်သွားရသည်။

ဘုရားရေ...

ငါ...ငါ တကယ်ကို သေရတော့မှာပဲ....

တစ်ကယ်ကိုပဲ...

လက်ထဲမှ သေနတ်က ချွေးစေးတွေနှင့်ချောကာ လွတ်ကျသွားသည်။
သို့သော်လည်း သူ မကောက်ရဲ...

ဟင့်အင်း....

သူ တုပ်တုပ်မျှကို မလှုပ်ရဲပါ...

ဗလောင်ဆူကာ အတွေးတွေက ချာချာလည်နေသည်။
ရှူသွင်းလိုက်သမျှ အောက်ဆီဂျင်က အဆုတ်ထဲသို့ မရောက်သလိုမျိုး။
ရင်ဝထိ ဆို့နင့်ကာ တစ်ကိုယ်လုံး ထုံထိုင်းပြီး လက်တွေက တဆတ်ဆတ် တုန်လာသည်။

ဒါ...ဒါက...ပေါက်ကွဲတော့မှာ...

၇၅ စက္ကန့်တဲ့...

ငါ သေဖို့ ၇၅ စက္ကန့်....

ငါ ဘာလုပ်လို့ရမလဲ...
ဘာလုပ်ရမလဲ...

ဦးနှောက်က ပျားပန်းခတ်နေသော်လည်း ခန္ဓာကိုယ်က မွှေးညင်းတစ်မျှင်စာမှ မရွေ့လျားဝံ့...
ရင်ဘတ်မှ ရှုပ်ထွေးပွေလီလှသော ကြိုးတွေကို ငုံ့ကြည့်နေသည့်တိုင် မြင်ကွင်းထဲ နံပါတ်တွေမှလွဲ ကျန်တာ ဗလာ။

ငါ သေရတော့မှာဆို...

ခန့်....

ခန့်ကရော...

OH...My Beloved BadassWhere stories live. Discover now