Chapter 13

20.8K 2.3K 109
                                    

(Unicode)

ဓာတ်လှေကားမှ ထွက်ပြီး ရုံးခန်းတံခါးရှေ့ရောက်သည်နှင့် ခွန်းထက်မာန် ဘောင်းဘီအိတ်ထဲမှ Memory stick ကို သေချာအောင် ပြန်စမ်းလိုက်သည်။

နောက် နာရီဝက်လောက်ကြာလျှင်တော့ သူ အရေးကြီး အလုပ်တစ်ခုကို အပြီး​ဖြတ်နိုင်မည် ဖြစ်သည်။

PA ဦးနိုင်ဌေး ဆက်သွယ်ထားသော ဂျပန်ကုမ္မဏီကား ငွေကြေးတောင့်တင်းသလောက် အလုပ်လုပ်ရာတွင် တိကျသည်။
အကယ်၍သာ ထိုလူကြီး၏ လာဘ်ပေးလာဘ်ယူ အပုပ်အပွများကို ကုမ္မဏီဘက်မှ သိရှိသွားလျှင် ဘယ်နည်းနှင့်မှ ဤ စီမံကိန်းကို လက်ခံလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ထိုလူကြီး၏ သတင်းများအား အပြင်သို့ မပေါက်ကြားစေဘဲ ကုမ္မဏီထံသို့ အရောက်ပို့နိုင်မည် နည်းများကို ခွန်းထက်မာန် နှစ်ရက်အတွင်း အသည်းအသန် စုံစမ်းခဲ့ရသည်။
နောက်ဆုံးတွင်တော့ စီမံကိန်းအတွက် ကုမ္မဏီဘက်မှ မသိမသာ စေလွှတ်ထားသော မြန်မာ ကိုယ်စားလှယ်နှင့် အချိန်မှီ အဆက်အသွယ် ရနိုင်ခဲ့သည်။

အခန်းတံခါးကို တွန်းမဖွင့်မှီ နောက်ဆုံးအနေနှင့် မျက်နှာဖုံးကို သေချာ ပြန်စမ်းလိုက်သည်။
မည်မျှပင် ယုံရသည်ဆိုဆို အတတ်နိုင်ဆုံး ရုပ်လုံးမပြဘဲ လှုပ်ရှားခြင်းသည်သာ အကောင်းဆုံးဆိုတာ အတွေ့အကြုံအရ သူ နားအလည်ဆုံးပင်။

ရုံးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်နှင့် ရုတ်ချည်း အေးမြသွားသော ခံစားချက်ကြောင့် ခွန်းထက်မာန် တွန့်ခနဲ ဖြစ်သည်။
အပြာရောင် ဆေးသုတ်ထားသော ရုံးခန်းလေးက ခွန်းထက်မာန် ထင်ထားသည်ထက် အနည်းငယ် ပိုကျယ်ဝန်းသည်။
သို့သော်လည်း တစ်ခန်းလုံး စာကြည့်စားပွဲတစ်လုံး၊ ဆိုဖာဆက်တီ တစ်စုံ၊ စာအုပ်စင် အသေးစား​တစ်ခုမှလွဲ၍ အခြား ဘာဆို ဘာမှ မရှိ။

ခွန်းထက်မာန်ကို မြင်သည်နှင့် စာကြည့်စားပွဲတွင် အလုပ်လုပ်နေသော လူက ချက်ချင်း ထရပ်သည်။

"မနေ့က email ပို့ထားတဲ့ Leo ဟုတ်ပါတယ်နော်။
ကျွန်တော်က စောင့်နေတာပါ။”

Leo ခေါင်းညိတ်ပြကာ ရှေ့ကခုံတွင် ဝင်ထိုင်လိုက်တော့ ထိုလူကလည်း အလိုက်သိစွာပင် သူ့ဘေးတွင် ရပ်နေသော ဝန်ထမ်းအား အခန်းအပြင်သို့ ထွက်သွားရန် လက်ပြလိုက်သည်။

OH...My Beloved BadassWhere stories live. Discover now