Chapter 41

17.3K 1.9K 196
                                    

(Unicode)

"I like me better when I'm with you ဒူဒူ့ ဒူဒူ ဒူ ဒူ”

အသီးအရွက် အစုံကို ခပ်ပါးပါးလှီးရင်း ခန့်ညားရှိန် သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အားပါးတရ ညည်းနေမိသည်။

ဒီရက်ပိုင်း သူ အားရင် အားသလို သီချင်းဆို၊ ဂစ်တာတီးတွေ ကျင့်နေရသည်။

အဲ့တာမှ...ဟင်းဟင်း...

မျက်လုံးထဲ မြင်ယောင်လာသော ပုံရိပ်တွေကြောင့် သူ အားပါတရ ပြုံးလိုက်မိသည်။

စိတ်ကူးယဥ်ရတာလည်း တကယ်ကို အရသာရှိ...ဟိ

ဘာကြောင့်ရယ်မသိ ဒီညနေတစ်ခုလုံး သူ့စိတ်ထဲ အတော်ကြီး လေးလေးပင်ပင် ဖြစ်နေသည်။
မထင်မှတ်ဘဲ ခွန်းနဲ့ တွေ့ရန် အခွင့်အရေး ရတာတောင်မှ အပြည့်အဝ မပျော်နိုင်သလိုလိုပင်...

ထို့ကြောင့် ဟို လျှောက်တွေး၊ ဒီလျှောက်တွေး လုပ်ကာ စိတ်သက်သာအောင် ကြိုးစားနေရသည်။

Microwave မှ တင်ခနဲ အသံကြားမှ သူ ခေါက်ဆွဲပြုတ်ထားသည်ကို သတိရမိတော့သည်။

အစကတော့ အပြင်က  ဝယ်လာမလား စဥ်းစားသေးသည်။
သို့သော်လည်း ခွန်းကို ကိုယ်တိုင်ကိုယ်ကျ တစ်ခုခု လုပ်ကျွေးချင်စိတ်ကို မဖျောက်နိုင်သေး။
ခွန်းကလည်း ဟိုတစ်ခါ ကို့ရိုကားယား ဖြစ်ပြီးကတည်းက မီးဖိုချောင်နား သိပ်အကပ်မခံတော့။

ခုလို အခွင့်အရေးရတုန်းလေးမှ Suprise ဆိုပြီး ကျွေးရန် သူ့မှာ အားကြိုးမာန်တက် ပြင်ဆင်နေရသည်။

ကြက်ပေါင်းခေါက်ဆွဲတို့၊ ဘာတို့တွေထိလည်း ရှည်ရှည်ဝေးဝေး လျှာမရှည်ရဲတော့...
ဆီချက်ခေါက်ဆွဲထုပ်မှ ခေါက်ဆွဲခြောက် အလွတ်ကို ပြုတ်ကာ အသီးအရွက်၊ ကြက်ဥ ဘာဘာညာညာ ထည့်ပြီး ရောကြော်မည်။

ဤကား ခေါက်ဆွဲကြိုက်တတ်သော ခန့်ညားရှိန်အတွက် မေမေ လုပ်ကျွေးတတ်သော special receipe ပင်။
ညကြီးသန်းခေါင် သား ဗိုက်ဆာတယ် မေမေဟု ဂျီလိုက်ချိန်တိုင်း မေမေက ထို ဆီချက်ခေါက်ဆွဲ​ကြော်ကို အလွယ် လုပ်ကျွေးနေကြ။

မေမေ ခုချိန် ဘယ်များ ရောက်နေမှာပါလိမ့်...

လူတစ်ယောက်ကို အရူးအမူး ချစ်မိသွားတဲ့ သားပုံစံကို မြင်ရင် မေမေ ဘာများ ပြောမှာလဲ...
ဒီက​လေးကတော့ဆိုပြီး ခေါင်းကို ဖွဖွ ပွတ်ပေးမှာလား...

OH...My Beloved BadassWhere stories live. Discover now