Chapter 10

23.8K 2.4K 492
                                    

(Unicode)

"ဝှားး”

၃၇၆မြောက် သန်းဝေခြင်း အမှုကို ပြုပြီးသည့်အချိန်မှာတော့ ခန့်ညားရှိန် နောက်တစ်ကြိမ် မျက်နှာပြန်သစ်ဖို့ ရေဘူး လုိက်ရှာရတော့သည်။

ဒီတစ်ခေါက် ထပ်အိပ်ပျော်သွားလို့တော့ လုံးဝမဖြစ်တော့။

ကိုလူချော Leo က ဖေဖေ့အလုပ်ကို လက်ခံလိုက်ရသည်ဆိုတာကို ကြားပြီးကတည်းက ခန့်ညားရှိန် အပျော်လုံးဆို့နေခဲ့သည်။

ဖေဖေ့ပြောပုံအရ Leo က ဒီမနက် ဖေဖေ့ကုမ္မဏီသို့ အရင်လာကာ လိုအပ်သည့် စာရွက်စာတမ်းတွေ ယူပြီးမှ အမရပူရသို့တန်းထွက်မည်ဖြစ်သည်။

ထို့ကြောင့် ခန့်ညားရှိန်မှာ တစ်ခါမှ မထစဖူး မနက် ၇ နာရီ တည်းကထကာ ခေါင်းအစ ခြေအဆုံး အပီအပြင် ရွိုင်းထားပြီး ဖေဖေ့ ကုမ္မဏီ၏ ကားပါကင်တွင် လာ ကင်းစောင့်နေရသည်။

ထိုလူ ရိပ်မိမည်စိုးသဖြင့် ခန့်ညားရှိန်မှာ ချစ်လှစွာသော Baby နှင့် အခြား ပြိုင်ကားများကိုပင် ယူမလာဝံ့။
သာမန် ထသွားထလာစီးရန် ဖေဖေ မကြာခဏ သုံးတတ်သော ပါရာဒို တစ်စီးနှင့်သာ လာခဲ့ရသည်။

အလွန် အင်မတန်မှ ရင်ခုန်စိတ်လှုပ်ရှားနေမိသဖြင့် ညက တစ်ညလုံး အိပ်မပျော်ခဲ့။
ထို့ကြောင့် ရောက်ရောက်ချင်း ကားစက်သတ်ပြီးသည့်အချိန်မှာတော့ ဘယ်လိုမှ မထိန်းနိုင်ဘဲ မှေးခနဲ အိပ်ပျော်သွားမိသည်။

အလန့်တကြား ​နိုးလာသည့်အချိန် ကြည့်လိုက်မိတော့ ထိုလူ၏ ကားက ကားပါကင်မှာ ထိုးပြီးလျက်သား။

ကံသီ၍သာ ထိုလူ ပြန်ထွက်မသွားခင် နိုးလာမိခြင်း။

ဘယ်လိုမှ မခံနိုင်သည့်အဆုံး Headphones ကောက်တပ်ကာ EDM သီချင်း မြူးမြူးတွေကို Volume အဆုံးထိ ဖွင့်ထားရင်း ဓာတ်လှေကား အဖွင့်အပိတ်ကို မျက်တောင် မခတ်တမ်း လှမ်းကြည့်နေလိုက်မိသည်။

နောက် နာရီဝက်အကြာ ခန့်ညားရှိန် နောက်တစ်ကြိမ် ပြန် အိပ်ပျော်လုဆဲဆဲ...

အမလေးဗျာ။
ချောမောမှုလေး ထွက်လာပြီ။

အကျီလက်ရှည် အဝါနုလေးကို ဂျင်းဘောင်းဘီ အနက်လေးထဲ ထည့်ဝတ်ထားပုံက တစ်ကယ့် ကြွေရုပ်လေးအလား။

OH...My Beloved BadassWhere stories live. Discover now