Chapter 37

17.4K 2K 327
                                    

(Unicode)

🎶 I found a love for me🎶

သီးသန့် ထားသော ringtone လေး မြည်လာသည်နှင့် ခန့်ညားရှိန် အပေါ် ဂျာကင်ကို သေချာ ဆွဲဆန့်ကာ မှန်ရှေ့မှခွာ၍ ဖုန်းဆီသို့ အသည်းအသန် ပြေးလိုက်သည်။

ခွန်းဆိုသည့် contact လေး မြင်တော့ လှစ်ခနဲ ပြုံးမိပြန်သည်။

"ခန့်ညားရှိန် ငါ ရောက်နေပြီ။"

"အိုကေဗျာ...ကျွန်တော် ခု ဆင်းခဲ့မယ်။"

တီ...

သူ ဟက်ခနဲ ရယ်လိုက်မိသည်။

ခွန်းကတော့လေ ဖုန်းဘေလ်ပဲ နှမျောတာလား မသိ၊ ဒါပဲနော်လေး ပြောဖို့တောင် အတော် ပါးစပ်တွန့်သည်။

ခပ်သွက်သွက် ပြေးဆင်းရင်း အောက်ရောက်တော့ ခုမှ အပြင်က ပြန်လာဟန်တူသော ဖေဖေနှင့် တန်းတိုးသည်။

"ခန့်ညား မင်း ဒီနေ့ ရုံးက စော​​ပြန်လာတာလား။"

"ဟုတ် ဖေဖေ ချိန်းထားတာ ရှိလို့။"

"ညတော့ အိမ်ပြန်အိပ်နော်။
မနက် ရှယ်ယာရှင် အစည်းအဝေးကို ခေါ်သွားပေးမလို့။
ငါနဲ့ အတူ လိုက်ရမှာ တစ်ခါတည်း။"

"ဟုတ် ကျွန်တော် ညစာ စားပြီးချိန်လောက်ဆို ပြန်လာမှာ။"

"ဟုတ်ပြီ...သွား သွား
မင်း လူ ခြံရှေ့မှာ စောင့်နေပြီ။"

ဖေဖေ့စကားကြောင့် သူ လှပ်ခနဲ ရင်တုန်သွားရသည်။

ချက်ချင်း မျက်နှာ အနေအထားကို အကဲခတ်လိုက်တော့ ဘာမှ ထွေထွေထူးထူးတော့ မရှိ။
ဒီတိုင်း ပြောလိုက်တာ နေမှာပါလေ။

ဖေဖေက သူနှင့် Leo တွဲသွားတွဲလာ ရှိနေသည်ကို သိထားသည်။
သို့သော်လည်း ဘာမှ အများကြီး ဝင်မပြော။
အလုပ်အတွက် အထောက်အပံ့ ပေးသည်ဟု ယူဆတာကြောင့်ရော၊ ချစ်သူဖြစ်နေတာကို မရိပ်မိ၍တာကြောင့်ရော ဖြစ်နိုင်သည်။
မဟုတ်လို့ကတော့ ဖေဖေက ကျိန်းသေ တားမှာပင်။

သူ Bisexual မှန်း ဖေဖေ သိပြီးသား ဖြစ်သော်လည်း ခွန်းကိုတော့ ချက်ချင်း လက်ခံနိုင်မည်မဟုတ်။
လောလောဆယ် အငြင်းအခုံတွေ ဖြစ်ပြီး အကျိုးမရှိမယ့် အတူတူ အချိန် အနည်းငယ် ယူပြီး ကိုယ်တိုင် အတော်လေး အရည်အချင်း ပြည့်ဝသည့် အခြေအနေ ရောက်မှ ဖွင့်ပြောမည်ဟု သူ တွေးထားသည်။

OH...My Beloved BadassWhere stories live. Discover now