Chapter 52

14.4K 1.6K 96
                                    

(Unicode)

"သူ့အဖေရဲ့ လုပ်ငန်းမှာ ဒီလောက်ထိသွားတာတောင် ဒီကောင်လေးက ဘာလို့ သူ့ ပိုက်ဆံတွေ မရှင်းသေးတာလဲ။”

ရှေ့မှ File ကြီးကို တလှန်လှန်တလှောလှောဖြင့် မျက်မှောင်ကုတ်နေသော လင်းထင်ကို ကြည့်ကာ ထွဋ်ခေါင်ဟိန်း နှုတ်ခမ်းမဲ့လိုက်မိသည်။

"သူ့ project မှာ အဓိက Backing ပေးထားတာက အဲ့ ပိုက်ဆံတွေလေ။
အဲ့ဒါကို ရပ်လိုက်ရင် Project တစ်ခုလုံး Fail သွားမှာပေါ့။
Estela နဲ့ တွဲလုပ်ထားတာ မဟုတ်ဘူးဆိုပြီး စိတ်ချနေတာလည်း ဖြစ်နိုင်တယ်။”

ပုခုံးတစ်ဖက် တွန့်ကာ နံရံကပ်ဗီဒိုရှိရာသို့ သူ အသာလှမ်းသွားလိုက်သည်။
ထို့နောက် တံခါးဖွင့်ကာ အထဲက ပုလင်း အမျိုးအစားတွေကို တစ်ပုလင်းချင်း ထုတ်ကြည့်ပြီး သေချာ ရွေးလိုက်သည်။

စိတ်တိုင်းကျ ဝိုင်နီ တစ်ပုလင်းကို မြင်တော့ သူ အားပါးတရ ပြုံးလိုက်မိသည်။

ဒီနေ့က သေသေချာချာကို ကိုယ့်ကိုယ်ကို ဂုဏ်ပြုရမည့် နေ့ပါပင်။

ငယ့်ကို အရမ်း အထိနာစေမည့် အရာကို သူ မိမိရရ ရှာတွေ့နိုင်ခဲ့ပြီ မဟုတ်ပါလား။

ဟက်... အသက် ၂၅ နှစ်အရွယ်  ကောင်လေး၏ ပထမဆုံး project ကြီး လှလှပပ ကျရှုံးမည့် အရေးက အရမ်းအရမ်းကို ကြည့်လို့ ကောင်းနေမှာ သေချာလှသည်။

"အင်း...ခင်ဗျားလူတွေ စုံစမ်းတာက သေချာပြီလား။”

ကမ်းပေးသော ဝိုင်ခွက်ကို လှမ်းယူရင်း မဝံ့မရဲ မေးနေသော လင်းထင်ကို ကြည့်ကာ သူ ခပ်ရေးရေး ပြုံးလိုက်မိသည်။

"ငါ့လူတွေ အကြောင်း မင်းပဲ တစ်နေ့က ချီးကျူးစကားပြောထားတာ မဟုတ်လား။”

"အင်း...အဲ့ဒါကကြ ကျွန်တော့် ideaကိုမှ ခင်ဗျားလူတွေက စုံစမ်းပေးတာဆိုတော့။”

"အဲ့တော့ မင်းက ငါ စီစဥ်တာမို့ မယုံရဘူးဆိုတဲ့ သဘောပေါ့လေ။”

သူ့ စကားဆုံးရုံလေး ရှိသေးသည်။
ဘိန်းစားကောင်က ပျာပျာသလဲလဲ ခေါင်းခါတော့သည်။

"ကျွန်တော် အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး။
ခုကကြ နည်းနည်းလေး အလျင်လိုသလိုများ ဖြစ်နေလားလို့။
ထားပါလေ။
ခင်ဗျား သေချာရင်လည်း ပြီးတာပါပဲ။
အား...ဒီ ဝိုင်က အတော်လေး အရသာ ရှိတာပဲ။”

OH...My Beloved BadassWhere stories live. Discover now