Extra 1 (Part 2)

11K 1.1K 78
                                    

(Unicode)

"ဟိုနေ့က ဝယ်လာပေးတဲ့ စက်ရုပ် လက်ကျိုးသွားလို့တဲ့ ကိုကြီးရေ။
တစ်နာရီလောက် အော်ငိုပြီး ခုမှ အိပ်သွားတယ်။”

အိပ်ရာပေါ် ဒူးထောင်လှဲရင်း Instagram မှ နောက်ဆုံးပေါ် ဖက်ရှင်တစ်ခုအကြောင်း အသေးစိတ် ဖတ်နေတုန်း... viber က ဝင်လာသော စာကြောင့် ခန့်ညားရှိန် ချက်ချင်း ဖွင့်ကြည့်လိုက်မိသည်။

ဆက်ပို့လာသော လျှာထွက် emoji တစ်သိန်းက ရယ်ချင်စရာ...

ဂေဟာမှ ကလေးတွေထဲ ၈တန်း အရွယ်က အကြီးဆုံး ဖြစ်၍ တစ်ယောက်ကိုမှ touch screen ဖုန်း ဝယ်မပေးသေး။
တစ်စုံတစ်ခုဆို ကြီးကြီးဖုန်းviber ကနေ ဓာတ်ပုံဘာညာ ပို့ ပေးသည်။
ခု ပုစိ၏ သတင်းတွေကိုလည်း ကြီးကြီး ခွင့်ပြုချက်ဖြင့်သာ သူသူက နေ့စဥ်နဲ့အမျှ Update ပို့ပေးနိုင်ခြင်းပင်။

ဒီကလေးမ သူသူတောင် viber သုံးတာ အတော် ကျွမ်းလာပြီပဲ။
Sticker တွေ၊ Emoji တွေနဲ့...
ကြီးကြီး မသိတဲ့ အချိန်မှာ ဖုန်းကို ယူယူ သုံးနေလား မသိ...

စိတ်ထဲ စနိုးစနောင့် ဖြစ်သွား၍ သူ ခဏတေးထားလိုက်သည်။
ဂေဟာသွားရင် ကြီးကြီးကို နည်းနည်းတော့ သတိပေးရမည်။
ဒီခေတ်ကလေးတွေက လွယ်တာမဟုတ်။
တစ်ခုခုဆို အစပျိုးပေးသည့် ကိုယ့်ခေါင်းပေါ် ကျမည်။

အတွေးနှင့်အတူ တွဲလျက် ပို့​ပေးထားသော ပုံလေးကို တစ်ခါတည်း ကြည့်မိတော့

နှုတ်ခမ်းစွန်းတွေ အလိုလို ကွေးတက်သွားမိကာ အခုနက တိုင်မည်တောမည်ဆိုသည့် အတွေးတွေ အားလုံး ပျောက်သွားရသည်။

ပုခက်ထဲ တရှူးရှူး အိပ်နေသည့် နီတာတွတ် ကိုပုစိ။
နှုတ်ခမ်းပိစိလေးတွေ အပေါ်ကို ထော်တက်နေပုံမှာ ဖျစ်ညှစ်ပစ်ချင်စရာ....
လက်တစ်ဖက် ပြုတ်နေသော စက်ရုပ် အသေးလေးကိုလည်း သူ့လက်သေးသေးလေးတွေနှင့် တင်းနေအောင် ဆုပ်ကိုင်ထားသေးသည်။

မအိပ်ခင် ဘယ်လောက်တောင် သောင်းကျန်းငိုယိုထားလဲဆိုတာ နှာခေါင်းကြည့်ရုံနှင့် သိနိုင်သည်။

ထိုစက်ရုပ်လေးက ဟိုတစ်ပတ်ကမှ ပုစိကို သူ ပေးခဲ့တာပင်။
လက်ထဲ ထည့်လိုက်ချင်းချင်း တဟီးဟီး ရယ်နေသဖြင့် ပုစိက စက်ရုပ် ကြိုက်တာပဲလို့တောင် မှတ်ထားမိသေးသည်။

OH...My Beloved BadassWhere stories live. Discover now