Chapter 4

28.8K 2.8K 144
                                    

(Unicode)

"ပထမဆုံးအကြိမ်မို့လို့ မင်း မယုံတာ ငါနားလည်တယ် ရောင်နီ။
ခုဟာက နှစ်ကြိမ်ရှိပြီနော်။
နှစ်ကြိမ်တိတိ ငါရှေ့တည့်တည့်ကို အဲ့လူ ပေါ်ပေါ်လာတာ။
ဘယ်နည်းနဲ့မှ တိုက်ဆိုင်တာ မဖြစ်နိုင်ဘူးဆိုတာ မင်း ခေါင်းပါရင် နားလည်မှာပါ။”

Jack Daniels ပုလင်းကို ဟန်ပါပါကိုင်ကာ ခွက်အလွတ်သုံးခုလုံးကို ဖြည့်ပေးရင်း ပြောသော ခန့်ညားရှိန် စကားကြောင့် ရောင်နီ နှာခေါင်းရှုံ့လိုက်မိသည်။

Club အတွင်း သီချင်းသံ၊ ကခုန်သံတို့ဖြင့် အကြီးအကျယ် ဆူညံနေပါသော်လည်း အားတက်သရော တတွတ်တွတ်ပြောနေသော ခန့်ညားရှိန်၏ အသံကြီးကတော့ သူနှင့် ဥက္ကာအတွက် ကြည်လင်ပြတ်သားနေဆဲပင်။

မဖြိုး၏ ရှော့ပင်းစင်တာ ဖွင့်ပွဲတွင် သူတို့နှစ်ယောက်ကို မစောင့်ဘဲ ပြန်သွားသည်ဆိုသော အကြောင်းပြချက်ဖြင့် ဥက္ကာရော၊ ခန့်ညားရော နှစ်ကောင်လုံးက ရောင်နီကို မကျေလည်ကြ။
တစ်ဝိုင်း treat မှ ကျေနပ်မည်ဟု ဆိုသဖြင့် ရောင်နီမှာ ခရီးမှ ပြန်ရောက်ရောက်ချင်းညမှာပင် ကျေးဇူးရှင်နှစ်ကောင်ဆီ အရင် ကြွလာရသည်။

ရောက်ကတည်းက ခန့်ညားရှိန်က ဝီစကီပုလင်းကို လက်ထဲက မချသလို ထို ဘယ်ကမှန်းမသိသည့် ကိုလူချော၏ သူ့အား နောက်ယောင်ခံလိုက်ပုံတွေကို စီကာပတ်ကုံး ပြောလို့မဆုံးပေ။

"အဲ့တော့ သူ့ဇာတ်လမ်းကို မင်းကပါ ယုံသွားပြီပေါ့ ဥက္ကာ။”

ရောင်နီမေးတော့ ဥက္ကာက အူတူတူ ခေါင်းညိတ်ပြသည်။

"အင်း ငါလည်း မပြောတတ်ပါဘူးကွာ။
အဲ့နေ့က ငါရောက်လာတာနဲ့ အဲ့လူက လှည့်ထွက်သွားတာဆိုတော့ ခန့်ညားပြောတာလည်း ဖြစ်တော့ ဖြစ်နိုင်ပါတယ်။
ချောတာကတော့ အမှန်အကန် ချောတာကွာ။
ဘယ်လိုပြောရမှန်းတောင် မသိဘူး။”

ဥက္ကာကပါ ဝင်ထောက်ခံ​ပေးလိုက်သဖြင့် ပီတိဖြာသွားသော ခန့်ညား၏ မျက်နှာပေးကြီးက ဖြတ်ရိုက်ချင်စရာ ကောင်းလှသည်။

"အေးလေ ငါပြောတာ အဲ့တာ။
ရှော့ပင်းစင်တာအကြီးကြီးမှာ ဆိုင်တွေ အများကြီး ရှိတဲ့အထဲကမှ...”

OH...My Beloved BadassWhere stories live. Discover now