(Unicode)
ဝမ်းနည်းစရာ...
စိတ်ထိခိုက်စရာ...
ကြေကွဲစရာ...
အရာအားလုံးက ခွန်းထက်မာန်အတွက် မှောင်အတိကျနေသလို ခံစားနေရသည်။
နားထဲ တိုးဝင်လာသော စကားသံတွေကလည်း တိုးတစ်လှည့်၊ ကျယ်တစ်လှည့်...
ခေါင်းကို တွင်တွင် ငုံ့ထားမိသဖြင့် ရှေ့တည့်တည့် ပန်းကန်ထဲမှ မုန့်ဟင်းခါး အနံ့တွေက နှာခေါင်းထဲသို့ ပြင်းထန်စွာ တိုးဝင်နေသည်။
တစ်ဇွန်းပြီး တစ်ဇွန်း ခပ်ကာ ပါးစပ်ထဲ ထိုးထည့်နေမိသော်လည်း ဘာအရသာမှ မခံစားရ...
ဗိုက်ထဲက ဟာ သလို ဖြစ်နေသေးသော်လည်း ရင်ထဲတော့ ဆို့နေသည်။
ဝမ်းနည်း ထိရှရမှုတွေက အတော်လေးကို နာကျင်စရာ ကောင်းသည်။မဖြစ်သင့်...
တကယ်ကို မဖြစ်တာပါ။အသာလေး ခေါင်းကို ပြန်မော့မိတော့ ရှေ့က မြင်ကွင်းက မျက်စိ ဆံပင်မွှေးစူးစရာ...
"ဖေဖေ့ လေယာဥ်ပျံကြီး လာပါပြီ အာ...”
"အာ...ဟ...ဟ... ”
အတိုင်အဖောက်တွေ ညီနေလိုက်ကြတာ ပျော်နေလိုက်ကြတာ...
ကမ္ဘာကြီး တစ်ခုတည်း ကိုယ့်တစ်နေရာတည်း ဆူးချုံတောတွေ ပေါက်နေသလို၊ တစ်နိုင်ငံလုံး နှင်းတွေကျပြီး ကိုယ်တစ်ယောက်တည်း နေပူကျဲတဲထဲ ရပ်နေရသလို...
အဆင်မပြေဘူး...
တကယ်ကို အဆင်မပြေဘူး။ဘဝကြီးက မတရားမှုတွေနဲ့ ပြည့်နှက်နေတာပဲ...
"ခွန်း သည်းတုန်လေး”
ပါးကို လာထိသော လက်ညိုးကို သူ ချက်ချင်း ဆတ်ခနဲ ဆွဲဖမ်းလိုက်သည်။
"ဘာလဲ...”
ရင်ထဲမှ တလိမ့်လိမ့် ဒေါသတွေကို မျိုချထားရသဖြင့် သူ့အသံက သိပ်တော့ ကြည်လင်နေမည် မဟုတ်...
"သြော် ခွန်း မုန့်ဟင်းခါး စားကောင်းရဲ့လားလို့...
ကျွန်တော် စားတုန်းက နည်းနည်း ငန်နေလို့...”ပြောနေတဲ့ပုံစံကိုက ဘာဆိုဘာမှ မဖြစ်ထားတဲ့အတိုင်း...
အား...သားသား ရှိမနေလို့က ဒီကောင်စုတ်လေးကို ပခုံးကနေ ကိုင်ပြီး ဆောင့်ယမ်းပစ်တယ်။
YOU ARE READING
OH...My Beloved Badass