Chapter - 100

13K 1.7K 142
                                    

Unicode
~~~~~~~

အလင်းရောင်စူးစူးကြောင့် ရီဝေဝေမျက်ဝန်းများဖြင့် ချူးရှန့်နိုးထလာခဲ့တယ် … အမြဲယုံကြည်မှုအပြည့်ရှိနေတတ်တဲ့သူလိုလူမျိုးက ခုလိုသတိလက်လွတ်ဖြစ်တဲ့ထိ ဒေါသကြီးမိမယ်လို့မတွေးထားမိခဲ့ဘူး … ခုရောက်ရှိနေတဲ့နေရာက နန်းတော်ပမာခန်းနားကျယ်ပြောလွန်းတဲ့ အိပ်ခန်းဆောင်မှာဖြစ်ပြီး သူတို့နေခဲ့တဲ့ကွန်ဒိုမှာမဟုတ်သလို ရှောင်အိမ်တော်လဲမဖြစ်နိုင်ဘူး … သေချာပြန်တွေးကြည့်တော့မှ ညက ရှန်ဝေအနောက်ကိုလိုက်လာရင်း သူမရောက်ဖူးတဲ့အိမ်တော်ကြီးတစ်ခုတွင်းခေါ်ဆောင်လာသည်ကိုသတိရသွားလေတယ် … ဆိုးတာက သူလိုလူတစ်ယောက်ကို ချုပ်နှောင်မှုတွေနဲ့ဖမ်းချုပ်ထားခြင်းပဲ … ဒီကောင် ဘာတွေကြံနေတာလဲ …

" ကျန်းရှန်ဝေ "

ချူးရှန့်ရဲ့ဒေါသသကြီးအော်ခေါ်သံက အပြင်ဘက်၌ရှိနေတဲ့ ရှန်ဝေကိုအပြေးရောက်လာစေတယ် …

" အကို နိုးလာပြီလား "

ချူးရှန့်က သူ့လက် ၂ ဖက်ကလက်ထိတ်တွေကို ရှိသမျှအားနဲ့ရုန်းနေရင်း ရှန်ဝေအား အကြည့်စူးတွေနဲ့ကြည့်ကာ မေးမြန်းလိုက်တယ် …

" ဒါကဘယ်နေရာလဲ ငါ့ကိုဘာလို့ ဖမ်းချုပ်ထားတာလဲ "

ရှန်ဝေက နာကျင်မှုကိုမမြင်ပဲရုန်းနေတဲ့ ချူးရှန့်လက် ၂ ဖက်ကို ချုပ်ကိုင်လိုက်ပြီး …

" အကိုဒီလိုဆက်လုပ်နေရင် နာနေလိမ့်မယ် "

" မင်း "

ချူးရှန့်က အပြစ်ကင်းစင်သည့်နယ် ခုချိန်ထိဟန်ဆောင်ကောင်းနေတဲ့ ရှန်ဝေအား ဆက်ပြောရန်စကားလုံးရှာမတွေ့တော့ခြေ … သူ့ရဲ့ဂရုစိုက်မှုတွေက အလိမ်အညာတွေလား စိတ်ရင်းမှန်လား ချူးရှန့်တွေးရန်ပင်မတတ်နိုင်တော့ခြေ … ခုသူ့အခြေအနေက ရှန်ဝေလက်အောက်ရောက်နေပြီပဲ ဘာများတတ်နိုင်တော့မတဲ့လဲ … ထိုစဉ်ထံခါးအပြင်ဘက်မှာရပ်နေကြတဲ့လူတစ်ချို့က ချူးရှန့်ကိုမြင်သွားပြီး အံ့ဩသကြီးဖြင့် မေးလာတော့တယ် …

" အရာရှိကျန်း … သံသယရှိသူက ဘာကြောင့် ခများအခန်းထဲမှာရှိနေရတာလဲ … သူ့ကိုစစ်မေးခန်းမှာ ထားသင့်တာမဟုတ်ဘူးလား "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now