Chapter - 105

11.5K 1.4K 125
                                    

Unicode
~~~~~~~

ယာရှာပြန်ရောက်လာတော့ ဆုန်းချူရဲ့သတင်းကြောင့်အတော်လေးစိတ်ထိခိုက်သွားရတယ် … သူမက ရှန်ဖန်းဂူရဲ့လူပါလို့ ဝင်ခံဖို့မဖြစ်သေးတာကြောင့် လိမ်ညာထားယုံကလွဲမတတ်နိုင်ဘူး … ဆုန်းချူကတော့ ဆေးရုံရောက်နေတာတောင် တစ်ချက်လာမတွေ့တဲ့ သူမအားစိတ်ဆိုးပြီးမခေါ်တော့ပေ …

" သခင်လေး "

ဖန်းဂူက မျက်နှာမကောင်းတဲ့ယာရှာကိုကြည့်ကာမေးလိုက်တယ် …

" စုံစမ်းမှုက အဆင်မပြေလာဘူးလား "

" ပြေပါတယ် "

" ဒါဆို မင်းမျက်နှာက ဘယ်လိုဖြစ်လာတာလဲ … မင်းလုပ်ငန်းအရှုံးပေါ်နေလို့လား "

" မဟုတ်ပါဘူး "

ဖန်းဂူ ဘာမှဆက်မမေးတော့ခြေ … သူသိတဲ့ယာရှာက ထက်မြက်ပြီး သွက်လက်တဲ့သူတစ်ယောက် … ဘယ်အရာကိုမဆိုသတ္တိရှိရှိလုပ်ရဲကိုင်ရဲသလို သူမမှာငဲ့ညှာမဲ့သူဆိုတာမရှိဘူး … မိဘတွေအစုံအလင်ရှိကြပေမဲ့ သူမကမိသားစုတွေကိုပင်မေ့လျော့နေတတ်သူ … သူမရဲ့ဖြစ်တည်မှုကိုသူတို့ကလဲမကန့်ကွက်ကြဘူး … သူမကျားကျားယားယားနဲ့နေထိုင်တာကိုသဘောကျကြတယ် … သူမရဲ့မျိုးရိုး, ဘာသာစကား , မွေရပ်မြေက ဖန်းဂူတို့နဲ့မတူပေမဲ့ သူမက ဒီနယ်မှာမွေးဖွားလာသလိုဒီနယ်မြေကိုချစ်ပြီးသူမမိသားစုကိုမေ့ရော့ထားသူတစ်ယောက် … ဒါကြောင့် သူ့ကိုယ်သူဆွေမျိုးမရှိဘူးဟုခံယူထားလေတယ် … သူမပိုင်ဆိုင်မှုတွေက မရေမတွက်နိုင်အောင်များပြားပေမဲ့အများစုက မှောင်ခိုလုပ်ငန်းနဲ့ဖန်းဂူနဲ့အတူလက်တွဲလုပ်ကိုင်တဲ့ လက်နတ်ထုတ်လုပ်မှုဖြစ်၍ တရားမဝင်ဘူးလို့ပြောလို့ရတယ် … ဒါကြောင့် သူမဘဝအမှန်ထုတ်ပြလိုက်ရင် သူမလျှောက်တဲ့လမ်းနဲ့ဆုန်းချူရဲ့လမ်းကဆန့်ကျင်ဘက်ဖြစ်နေပြီး သူမဟာအမှောင်ဂိုဏ်ဝင်တစ်ယောက်ဆိုတာသိရှိသွားရင် အရာအားလုံးကမတွေးဝံ့စရာပဲ … ထိုအသိစိတ်က သူမအား စိတ်မသက်မသာဖြစ်စေတယ် …

ခုသူမကတော့ အရင်နဲ့မတူတော့ပဲ အများကြီးပြောင်းလဲလာပြီ … အရင်လိုဘာကိုမှဂရုမစိုက်တဲ့ခပ်ရွဲ့ရွဲ့ခပ်တင်းတင်းကောင်မလေးက တည်ငြိမ်ပြီး အယ်ဖာတစ်ယောက်ရဲ့ခန့်ညားမှုတွေအပြည့်နဲ့နေလာတတ်ပြီ … သူ့ရဲ့မိတ်အဖြစ်အိုမီဂါတစ်ယောက်ကို တရားဝင်မရွေးချယ်ရသေးတာကလွဲလို့ ထိုအိုမီဂါပေါ်ထားရှိတဲ့စိတ်ထားက သူ့မျက်ဝန်းနဲ့အပြူအမူတွေပေါ်မှာ အထင်းသားပေါ်နေခဲ့တယ် …   အချစ်ကအရာရာကိုပြောင်းလဲနိုင်တယ်ဆိုတာ ဖန်းဂူသူကိုယ်တိုင်ခံစားဖူးပြီမို့ ယာရှာပြောလာမဲ့အချိန်ကိုသာစောင့်နေလိုက်တယ် … ယာရှာက စိတ်ခံစားချက်နဲ့တာဝန်ကိုခွဲခြားတတ်သူမို့ ခနကြာတော့သူမကပုံမှန်ပြန်ဖြစ်သွားကာ အရေးကြီးတဲ့ကိစ္စတွေကိုတင်ပြလာတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now