Chapter - 107

12.2K 1.5K 193
                                    

Unicode
~~~~~~~

လေအဝှေ့မှာသင်းပြန့်နေသည့်ပန်းရနံ့တွေက အခန်းတစ်ခုရဲ့လေသာပြင်မှာ ရပ်နေတဲ့လူရဲ့အာရုံတွေကို ဆွဲဆောင်နေတယ် … နံနက်ခင်းနေရောင်ခြည်နဲ့ပန်းရနံ့တို့ကပနံသင့်လှပြီး တစ်မျိုးတစ်ဖုံလန်းစမ်းစေခဲ့တယ် … အရှေ့မှာဝံ့ကြွားစွာဖူးပွင့်နေကြတဲ့ ပန်းမံတွေက သာမန်မဟုတ်မှန်ထိုလူမသိပဲမနေခဲ့ဘူး … ပထမအစက အံ့အားသင့်မိပေမဲ့ အဖြေကတော့ရိုးရိုးရှင်းရှင်လေးပါပဲ … ဒါဟာ ဆေးဝါးကိုအလွန်အကျွံသုံးဆွဲသူတစ်ယောက်ရဲ့ မှီခိုအားထားရာတစ်ခုပင်ဖြစ်လိမ့်မယ် … ပြီးနောက် ထိုအရာတွေကိုလစ်လျှူရှုလိုက်ပြီး အဝေးတစ်နေရာက အဆုံးမဲ့ကောင်းကင်ကြီးနဲ့ တောင်ပြာတန်းတို့ထိစပ်နေတဲ့အရပ်အား လှမ်ကာမျှော်ကြည့်လိုက်ချိန်တွင် အဆုံးမရှိသော လွမ်းစွတ်မှုတို့က တစ်ရိတ်ရိတ်ဖြစ်တည်လာလေတော့တယ် …  ထိုလူရဲ့ပုံရိပ်လေးက လွတ်မောနေပုံပေါ်ပြီး နှစ်ရှည်လများမတွေ့မြင်ခဲ့ရတဲ့ လောကကြီးရဲ့အလှတရာကိုငေးရှုနေပုံက စာရွက်ဖြူဖြူပေါ်ကပန်းချီကားချပ်အလား … သူလွမ်းမောနေရတဲ့သူတွေ ဟိုးအဝေးတစ်နေရာမှာ ထင်ကျန်နေအုံးမလာဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးက သူ့ရဲ့မျက်ဝန်းတွေမှာ တောက်လဲ့နေခဲ့တယ် …

" မန်ဂိုဝူး "

အသံကတိုးညှင်းသလို ပုံမှန်ဆို နာမည်အပြည့်အစုံခေါ်လေ့မရှိတဲ့သခင်ဖြစ်သူအနားအား ဂိုဝူးဆိုသူအပြေသွားမိတယ် …

" ပြောပါသခင်ကြီး "

အသားအရေကမဖြူမညိုအနေအထားမှာရှိပြီး အမြဲဝတ်ထားတတ်တဲ့ကုဒ်အင်္ကျိအဖြူက သူ့ရဲ့သွင်ပြင်ကိုသန့်ပြန့်စေတယ် … Mongolia မျိုးနွယ်စုတွေရဲ့ သင်္ကေတအမှတ်ဖြစ်တဲ့ အဝါနဲ့အနီလိမ်ယှက်ထားတဲ့ကြိုးတစ်ချောင်းက သူ့ရဲ့လက်ကောက်ဝတ်မှာ တင်းကြပ်စွာစည်းနှောင်ထားပြီး သေသည်ထိ သခင်တစ်ဦးတည်းပေါ်မှာ သစ္စာခံပါမည်ဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်ယူလျှက် ရှိနေတယ် … သူဟာတစ်ချိန်က သခင်ကြီးရဲ့ရွေးချယ်မှုကိုခံခဲ့ရတဲ့သူဖြစ်ပြီး ယခုအချိန်ထိသခင်ကြီးအနားမှတဖွားမှမခွာခဲ့ပေ … အခက်အခဲတွေ အားလုံးကို ရင်ဆိုင်ပြီးတဲ့နောက် သူ့ရဲ့သခင်ကိုပြန်ခေါ်လာနိုင်ခဲ့ပြီ … သူကတော့ တချိန်က မပျက်သုန်းသေးတဲ့ Mongolia မျိုးနွယ်စုရဲ့ခေါင်းဆောင်သား မန်ဂိုဝူး တနည်းပြောရလျှင် ရွာလူကြီး ဂိုဝူးဖြစ်လေတယ် … သခင်ကြီးဆိုသူက လူတွေအားလုံးရင်ထဲမှာသေဆုံးနေပြီဖြစ်တဲ့ သမိုင်ထဲထိပင်ဖော်ပြခံရလောက်အောင် ကျော်ကြားခဲ့သူ တစ်ချိန်က သိပ္ပံပညာရှင်ဟူသောဘွဲ့ကိုရရှိထားသည့် ပိုင်ယွိဟန် ပင် … သူဟာ ပြန်လည်နိုးထလာပြီးနောက် ဒီလောကထဲမှာ သူမသိသေးတဲ့သူမတီထွင်နိုင်သေးတဲ့အရာတွေများစွာရှိနေကြောင်းသဘောပေါက်သွာတယ် … ထိုစဉ်မှိုင်တွေငေးမောနေရင်းမှ သခင်ကြီးဟာ ဆိုလာခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now