Chapter (7)

8.4K 1.2K 19
                                    

Zawgyi

အိမ်ကိုပြန်ရောက်ချိန်မှာတော့ ရှန်ယန်းက ဝယ်ယူခဲ့တဲ့ပစ္စည်းတွေကို ဆိုဖာပေါ်သို့ပစ်တင်လိုက်ကာ အိပ်ခန်းထဲသို့ပြန်ဝင်ပြီး အဝတ်အစားတွေကို စတင်ဆွဲထုတ်လိုက်တယ်။

အဝတ်အစားတွေ သုံးပုံတစ်ပုံလောက်ဆွဲထုတ်ပြီးတဲ့နောက်မှာ ရှန်ယန်းရပ်တန့်လိုက်တယ်။
ဒါတွေအကုန်လုံးက မုရီအန်းသူမကိုဝယ်ပေးခဲ့တာတွေပဲ။

အဝတ်အစားတွေကို ထုတ်ပိုးပြီးတဲ့နောက် မုရီအန်းဝယ်ပေးဖူးတဲ့တခြားပစ္စည်းတွေကိုပါ သူမထုတ်ပိုးလိုက်တယ်။

ရှန်ယန်းက ကြမ်းပြင်ပေါ်မှာထိုင်ရင်း မုရီအန်းထံမှရရှိခဲ့တဲ့အဝတ်အစားတွေကို ထုတ်ပိုးကာ အောက်ထပ်သို့ဆင်းပြီး အဝတ်အစားဟောင်းတွေအလှူခံတဲ့ ပုံးထဲကိုထည့်လိုက်တယ်။ အလှူခံပုံးများများရှိနေတာကံကောင်းတာပဲ ။

သူမရဲ့လက်ထဲမှာအဝတ်အစားတွေအများကြီးနဲ့ပြည့်နေခဲ့တာကြောင့် အလှူခံပုံးပေါ်မှာရေးထားတဲ့စာလုံးကို ရှန်ယန်းသတိမထားမိလိုက်ဘူး ။

ရှန်ယန်းပြန်သွားတဲ့အချိန်မှာတော့ ရပ်ကွက်တာဝန်ခံ သတင်းထောက်တစ်ယောက်ကို ထိုအလှူခံပုံးတွေရှိရာသို့လမ်းပြခေါ်ဆောင်လာပြီးပြောလာတယ်။

“ဒီရပ်ကွက်ထဲမှာ တောင်တန်းဒေသကနေလာတဲ့ လုံခြုံရေးအစောက့်တွေနည်းနည်းရှိတယ် သူတို့ဆီကနေ အဲဒီဒေသရဲ့အခြေအနေကတော်တော်လေးခက်ခဲတယ်ဆိုတာသိရလို့ ငါတို့ရပ်ကွက်က ဒီလိုအဝတ်အစားတွေလှူပေးကြတာ "

သတင်းထောက်က ရယ်မောရင်းပြောလာတယ်
“အထဲကအဝတ်အစားတွေကိုရော ကြည့်လို့မလား?"

" ရတာပေါ့ ငါတို့က ဒီအဝတ်အစားတွေကို ပိုးသတ်ပြီးမှ လျှော်ဖွတ်ပြီး တောင်တန်းဒေသဆီပို့ဆောင်ပေးတာပါ "
ရပ်ကွက်တာဝန်ခံက ပြန်လည်ဖြေဆိုနေရင်းနဲ့ ပုံးကိုဖွင့်လှစ်လိုက်တယ်။

ဘူးကိုဖွင့်ပြီးတာနဲ့ သတင်းထောက်က ဓာတ်ပုံအနည်းငယ်ရိုက်လိုက်ပြီး အင်္ကျီတစ်ထည်ကို လက်ညိုးထိုးကာပြောလာတယ်။
“ဒီတစ်ထည်က တော်တော်လေးလှတယ်”

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now