Chapter (48)

4.6K 697 5
                                    

Akhonn

Zawgyi

ရှန်ယန်းက တည်ငြိမ်အေးဆေးတဲ့ဟန်ပန်နဲ့ တစ်လုံးချင်းပြောလိုက်တယ် ။

" ကျွန်မဒီငွေတွေကိုယူမှာပါ  ကျွန်မ ရှင်နဲ့အတူ ထပ်ပြီးဟန်ဆောင်နေမှာတော့မဟုတ်ဘူး ဒါပေမယ့် ရှင်လည်း ဒီထက်ပိုပြီးရိုးသားဖို့မျှော်လင့်တယ် သူဌေးကတော်မု "

ရှန်ယန်းကထိုသို့ပြောပြီးနောက် မတ်တတ်ရပ်လိုက်ကာ 30 million ချက်လက်မှတ်ကို မထီသလိုပြန်ပစ်ပေးလိုက်တယ် ။ ချက်လက်မှတ်က တဖြည်းဖြည်းနဲ့လေထဲတွင်မျောနေပြီးမှ စားပွဲခုံပေါ်သို့ဖြေးညှင်းစွာကျသွားခဲ့ပြီး လီဆွေ့ယွီရဲ့ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားတယ် ။

ချက်ချင်းဆိုသလိုပဲ ရှန်ယန်းဆက်ပြောလာတဲ့စကားတွေကို  လီဆွေ့ယွီကြားလိုက်ရတယ် ။

" ရှင် ဒီ 30 million ကိုယူပြီး ရှင့်သားကိုကျွန်မနဲ့ဝေးဝေးမှာနေခိုင်းပါ ကျွန်မမှာ သူ့အတွက်ခံစားချက်တွေမရှိတော့ဘူး "

လီဆွေ့ယွီက သူမရဲ့မျက်နှာကိုကိုစောင်းငဲ့ကာ ရှန်ယန်းကိုကြည့်လိုက်တယ် ။

" မင်းက ဘယ်အရာက မင်းအတွက်ပိုကောင်းမလဲဆိုတာကိုမသိဘူးဘဲ!! "

ရှန်ယန်းက ' ဖွီး' ခနဲရယ်မောလိုက်ပြီး ထေ့ငေါ့မှုအပြည့်နဲ့ပြောလာတယ် ။

" ဟုတ်တာပေါ့ ဘယ်ဟာကကောင်းတယ် ဘယ်ဟာကမကောင်းဘူးလဲဆိုတာ ကျွန်မမသိဘူး .. ဒီတော့ ကျွန်မ ဘယ်လိုလုပ်သင့်လဲ? သူဌေးကတော်မု ကျွန်မရှင့်ကိုပြောလိုက်မယ် .. မုရီအန်းကအခုချိန်မှာ ကျွန်မကိုပိုပြီးမုန်းလေလေ အမှန်တရားကိုသိသွားတဲ့နေ့မှာ အပြစ်ရှိသလိုပိုပြီးခံစားရလေလေဖြစ်ပြီး အမှားကိုပြင်ဆင်ဖို့လုပ်လာလိမ့်မယ် .. သူကကျွန်မ,ရှန်ယန်းကိုကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်မကတော့ ဂရုစိုက်နေဦးမှာမဟုတ်တော့ဘူး "

ဒါဟာ ရှန်ယန်းက လီဆွေ့ယွီရဲ့ဘက်ကိုအလျှော့ပေးလိုက်တာပဲ ။ သူမရဲ့အရင်ဘဝမှာတုန်းက လီဆွေ့ယွီကရှန်ယန်းကိုမုန်းတီးခဲ့တယ် ။ မုရီအန်းရဲ့နှလုံးသားထဲမှာ ရှန်ယန်းအတွက်နေရာအနည်းငယ်လောက်တောင်မရှိတော့တဲ့အချိန်မှာတော့ ရှန်ယန်းက လီဆွေ့ယွီအတွက် အသုံးမလိုတဲ့အရုပ်တစ်ခုလိုမျိုးတန်ဖိုးမဲ့သွားခဲ့တယ်လေ ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now