Chapter (1.2)

10.6K 1.1K 3
                                    

Zawgyi

Shen Yan သူမက အမြှောစာခံဇာတ်ကောင်လေးဖြစ်တယ်ဆိုတာကိုသိလိုက်ရတော့ အချိန်ကြာကြာသံသယဝင်ခဲ့သေးတယ်။ ဒါပေမယ့် သူမကအရံဇာတ်ကောင်လေးဖြစ်နေခဲ့တယ်ဆိုတာကိုနားလည်ခဲ့ပြီးတဲ့နောက်မှာတောင်မှ သူမကအလုပ်ကြိုးစားချင်တုန်းပဲ ။ ဘာလို့လဲဆိုတော့သူမမှာလုပ်စရာကိစ္စတွေရှိသေးတယ်လေ။

အချိန်ကာလအပိုင်းခြားနယ်မြေထဲမှာ Shen Yanနားလည်သဘောပေါက်ပြီးတဲ့အချိန်မှာပဲ သူမကဒီကမ္ဘာကိုပြန်လည်ရောက်လာခဲ့တယ်။

Shen Yan က Meng Yi'anကဇာတ်လိုက်မကိုကြိုက်သွားမယ်ဆိုရင်တောင်ကိစ္စမရှိဘူးလို့တွေးလိုက်တယ်။ သူမက ဇာတ်လမ်းဇာတ်ကွက်ကိုဖန်တီးပေးတဲ့သူမဖြစ်စေရတော့ဘူး ။ သူမက အဲဒီဇာတ်ကွက်အတိုင်းလိုက်လုပ်မှာမဟုတ်သလိုအမြှောက်စာခံဇာတ်ကောင်လည်းအဖြစ်ခံတော့မှာမဟုတ်ဘူး ။

Meng Yi'anအကြောင်းကိုတွေးမိတော့Shen Yanခါးသက်စွာပြုံးလိုက်မိတယ်။ ထိုအမျိုးသားက သူမကိုအရမ်းမုန်းနေတာလေ။ ဒီတော့ သူမက သူနဲ့ပြန်လည်အဆင်ပြေချင်တဲ့ဆန္ဒလည်းမရှိတော့ပါဘူး Meng Yi'anကလည်းသူမကိုအလိုရှိတော့မှာမဟုတ်ဘူး

Shen Yanအတွေးတွေကိုအဆုံးသတ်ပြီး အနားယူဖို့အိပ်ယာထဲကိုပေါ်သွားလိုက်တယ်။

Shen Yan အခုနေနေတဲ့တိုက်ခန်းက အေးဂျင့်ရဲ့အကူအညီနဲ့ငှါးရမ်းထားတာပဲဖြစ်တယ် ။ ဒါက အိပ်ခန်းတစ်ခန်းသာပါတဲ့ တိုက်ခန်းလေးဆိုပင်မဲ့ သူမက မိန်းကလေးအသုံးဆောင်ပစ္စည်းတချို့ကိုဝယ်ယူလိုက်တာကြောင့် ကြည့်ရတာ အလွန်သက်သောင့်သက်သာရှိပြီးနွေးထွေးလွန်းတယ် ။

အစတုန်းကတော့ Shen Yan က သူမကိုယ်သူမ အိပ်မပျော်လောက်ဘူးလို့ ထင်ထားခဲ့ပေမယ့်လည်း မမျှော်လင့်ဘဲ နောက်နေ့မနက်မိုးလင်းအထိကို အိပ်ပျော်သွားခဲ့တယ် ။

သူမအိပ်ယာနိုးနိုးချင်း ဖုန်းကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ သူမရဲ့အေးဂျင့်ဆီက ပို့ထားတဲ့ မက်ဆေ့ခ်ျတစ်စောင်ကိုမြင်လိုက်ရသည် ။ အဲ့ဒါကတော့ ' Chen Fei ' ဆိုတဲ့ဒရမ်မာစီးရီးရဲ့ အရံဇာတ်ကောင်အတွက်လူရွေးပွဲကို ဒီနေ့နေ့လည်မှာပြုလုပ်လိမ့်မယ်လို့ပြောထားတာဖြစ်တယ် ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now