Chapter (19)

6.6K 1K 17
                                    

Zawgyi

ဒီအကြောင်းကိုစဉ်စားရရင် ဒီလိုကြီးမားတဲ့အခွင့်အရေးရှိတဲ့ လူရွေးပွဲက အခုလိုမျိုးပေါ့ပေါ့ပါးပါးနဲ့ရနိုင်ဖို့ဆိုတာသိပ်မလွယ်ကူလောက်ဘူးလို့ Shen Yanထင်တယ်။

" ကောင်းပြီလေ ၊ ဒါပေမဲ့ ဒီ ရှေးဟောင်းဒရမ်မာကလည်း တကယ်ကောင်းပါတယ် "

" ကျွန်မ ဒါကိုသေချာဂရုစိုက်ပြီးကြည့်လိုက်ပါ့မယ် "

He Han က အခန်းပြောင်းသွားတာကြောင့် အခုအခန်းအခန်းထဲမှာ Shen Yan တစ်ယောက်တည်းသာကျန်တော့တယ်။

သူမအိပ်ရာပေါ်မှာလဲလျောင်းလိုက်ရင်း Zhou Ruo ပြောသွားတဲ့ လူရွေးပွဲအကြောင်းကိုစဉ်းစားနေမိတယ် ။

Shen Yan က Meng Yi'an သူမကိုအလွန်မုန်းတီးနေတာကို ပြန်တွေးမိတော့ မျက်မှောင်ကုတ်လိုက်မိတယ် ။ ဒီတော့ သူမက Meng Yi'an ကိုမမြင်ရဖို့အတွက်ဆိုရင် Meng groupနဲ့ပတ်သတ်တဲ့ Tv series နဲ့ ရုပ်ရှင်ထောက်ခံချက်မှန်သမျှကိုအထူးရှောင်ရှားရန်လိုအပ်တယ် ။

သူမအရင်ဘဝမှာတုန်းက Meng Yi'anကိုတွေ့ရတယ်ဆိုတာအလွန်ရှားရှားပါးပါးပဲ ၊ ဒီဘဝမှာလဲ မြင်ရဖို့မလွယ်လောက်ဘူးဆိုတာအသေအချာပဲ ။

**

လက်ထောက်ဒါရိုက်တာက Shen Yan ရဲ့ ရေထဲခုန်ချမဲ့အခန်းကို ရိုက်ကွင်းနောက်ဆုံးနေ့မှ ရိုက်ဖို့ဆွေးနွေးရန် Li Jun အနားသို့ချဉ်းကပ်လာတယ် ။

" ဒါရိုက်တာ တကယ်လို့ဒီနေ့မှာ ရေထဲခုန်ချရမယ့်အခန်းကိုရိုက်မယ်ဆိုရင် Shen Yan ရဲ့နောက်ထပ်ကျန်နေတဲ့ရိုက်ကူးရေးအတွက်ကိုးလို့ကန့်လန်တွေဖြစ်ကုန်လိမ့်မယ် အဲဒီအခန်းကိုဘာလို့နောက်ဆုံးနေ့မှ မရိုက်ရတာလဲ "

Li Jun က Zhang he နဲ့ဝိုင်အတူသောက်ပြီးတော့ အနာဂတ်မှာပိုက်ဆံရှာရမယ့်နည်းလမ်းတွေကိုဆွေးနွေးပြီးပြန်လာခဲ့တာဖြစ်တယ်။

လက်ထောက်ဒါရိုက်တာက သူပြန်လာတဲ့အချိန်မှာ Li Junရဲ့ဖြေရှင်းချက်တွေကိုနားထောင်ပြီးတော့လက်ခံလိုက်ကာ ရုတ်တရက်ပြန်မေးလိုက်တာဖြစ်တယ်

"မင်းက Shen Yan အပေါ်ကောင်းပေးတဲ့အဖွဲ့ထဲကမဟုတ်တော့ဘူးလား "

“ ကျွန်တော်ထင်တာတော့ ကျွန်တော်ကဒါရိုက်တာရဲ့စကားကိုနားထောင်သင့်သေးတယ်လေ ဘာပဲပြောပြော ခင်ဗျားကကျွန်တော့်ရဲ့ဒါရိုက်တာပဲကို "

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now