Chapter (47)

6K 864 31
                                    

Zawgyi

ကျန်းရှောင်ကလည်း ရှန်ယန်းနှင့်ချနိယွီတို့ရဲ့အကြောင်းကိုသိနေခဲ့တယ်။ သူမက ရှန်ယန်းဟာအရမ်းကိုကောင်းတဲ့သူဖြစ်တယ်လို့တွေးခဲ့ပြီး တကယ်လို့သူမတို့မှာ အခက်အခဲတွေရင်ဆိုင်ရခဲ့ရင်လည်း ကူညီပေးလိမ့်မယ်ထင်မြင်သွားခဲ့တယ်။ ဒါက သူမကိုသဘောကျစေပြီး ရှန်ယန်းရဲ့ကြင်နာတတ်မှုအတွေက် ကျေးဇူးတင်မိသွားတယ်။

သူမက ရှန်ယန်းရဲ့ဘေးနားမှာသွားထိုင်လိုက်တဲ့အတွက် ဒါရိုက်တာရဲ့ဆူပူခြင်းကိုခံလိုက်ရသေးပေမယ့် ရှန်ယန်းကိုစပ်စုတဲ့မေးခွန်းတွေမေးခဲ့ခြင်းမရှိဘူး။ ထိုအစား သူမက ရှန်ယန်းကိုရေတစ်ဗူးကန်းပေးလာခဲ့ပြီးနောက် သူမရဲ့ကားဆီကိုပြန်သွားခဲ့တယ်။

တစ်ဖက်မှာရှိနေတဲ့ ရှန်ယန်းကတော့ ဇာတ်လမ်းရဲ့အသွားအလာတွေကိုတွေးတောနေခဲ့တာဖြစ်တယ်။ ချန်လန်က ထွက်ပေါ်လာခဲ့ပြီ။ ဒီတော့ ဇာတ်လိုက်မရဲ့ပွဲဦးထွက်မယ့်အချိန်ကလည်း နီးကပ်နေလောက်ပြီဖြစ်ပြီး ဇာတ်ညွှန်းရဲ့တိုးတက်လာမှုအရ မုရီအန်းနှင့်တွေ့ဆုံတော့မှာဖြစ်မယ်။

ရှန်ယန်းက ထိုအကြောင်းတွေကိုတွေးတောနေတုန်းမှာ သူမအတွက် ရှန်းလုမှာသရုပ်ဆောင်နိုင်မယ့်အခွင့်အရေးရဖို့က ပိုပြီးအရေးကြီးတယ်လို့ခံစားမိလာတယ်။ ဘာလို့လည်းဆိုတော့ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်အတွက် ဘယ်သူကမှလာပြီး ထိပါးနိုင်တော့မှာမဟုတ်ဘူးလေ။

မုလုပ်ငန်းစုတွင်..

" သူဌေးကတော် .. ဥက္ကဋ္ဌမုက အစည်းအဝေးလုပ်နေတုန်းဖြစ်လို့ နောက်ထပ်နာရီဝက်လောက်အထိပြန်ရောက်လာနိုင်သေးမှာမဟုတ်ပါဘူး "

လက်ထောက်ဝူက လီဆွေ့ယွီရဲ့နောက်မှ လိုက်ရင်း ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ်။

" ကော်ဖီ ဖျော်ပေးရဦးမလားခင်ဗျ "

လီဆွေ့ယွီရဲ့နောက်ခံမိသားစုက မုမိသားစုထက် သိပ်ပြီးအင်အားနည်းခြင်းမရှိဘူး။ သူမက လက်မထပ်ခင်ကတည်းက ချမ်းသာတဲ့မိသားစုရဲ့အိမ်က သခင်မလေးဖြစ်ခဲ့တာ။

သူမလက်ထပ်ပြီးနောက်မှာတော့ လူချမ်းသာမိသားစုရဲ့ချွေးမနှင့် ဇနီးမယားဖြစ်သွားခဲ့တဲ့အတွက် သူမရဲ့ပုံစံကအဆင့်အတန်းမြင့်မှန်းသိသာနေခဲ့တယ်။ သူမရဲ့ဒေါက်မြင့်ဖိနပ်နှင့်ထွက်ပေါ်လာတဲ့အချိန်တိုင်း ပိုပြီးချောမောသွားသလို ပိုမိုပြီးငယ်ရွယ်နုပျိုသွားသလိုထင်ရစေတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now