Chapter (22)

6.8K 1K 8
                                    

Akhonn

Zawgyi

Chapter 22

Shen Yan မြို့ထဲကိုပြန်ရောက်တော့ Zhou Ruo ကိုဆက်သွယ်ဖို့ သူမဖုန်းကိုထုတ်လိုက်ပေမဲ့ weibo ကနေ အသိပေးချက်တွေအများကြီးဝင်နေတာကြောင့် အံ့အားသင့်သွားမိတယ် ။

ထို့နောက် သူမ weibo အကောင့်ကိုဖွင့်လိုက်တဲ့အချိန်မှာတော့ သူမ weiboရဲ့နောက်ဆုံးတင်ခဲ့တဲ့ ပိုစ့်တစ်ခု၏အောက်မှာ likeပေါင်း ၃၀၀၀ကျော်နဲ့ ရာနဲ့ချီသော comment တွေကိုတွေ့လိုက်ရတယ် ။

[ ဒါဘယ်လိုတောင်လှပတဲ့မျက်နှာလေးလဲ Ah!!! ]

[ သူမကရိုက်ကူးရေးအဖွဲ့သားတွေထဲမှာ ဥာဏ်အကောင်းဆုံးနဲ့ အလှပဆုံးတစ်ယောက်ပဲ ]

[ ညီမငယ်လေးရယ် မင်းဘာကြောင့် ရိုက်ကူးရေးရဲ့ရှယ်ယာတွေကို မင်းအပိုင်ဖြစ်သွားအောင်မဝယ်လိုက်တာလဲ ]

[ ငါဘာမှမပြောချင်တော့ဘူး... လှပတဲ့ညီမငယ်လေးကို အရမ်းအလိုလိုက်ချင်သွားပြီ.. ]

[ အရမ်းဆွဲဆောင်မှုရှိတာပဲကွာ ၊ ဒါပေမဲ့နေပါဦး သူမရဲ့ပို့စ်ကဘာကိုဆိုလိုတာလဲ?? ညီမငယ်လေးမှာ ရည်းစားရှိနေတာလား ????? ]

[ ဒီလိုလှပတဲ့ ညီမလေးက single ပဲဖြစ်မှာပေါ့ ]

[မိန်းမပျိုလေးက အဲဒီလူကို ငါ့နှလုံးသားကနင့်အတွက်ပါတဲ့လေ  ငါ အဲ့ဒီလူကိုအရမ်းမနာလိုဖြစ်မိတယ် ]

……

[ ဘယ်လောက်တောင်လှလိုက်သလဲ ,( သားရည်ကျနေသောပုံ) ]

ဘယ်လိုကြောင့် သူမရဲ့ weibo မှာ like ​တွေ  comment တွေအဲလောက်များနေရတာလဲ?

Shen Yanခဏလောက်စဉ်းစားလိုက်ပြီး သူမရဲ့နာမည်ကိုweiboမှာ ရိုက်ရှာလိုက်တယ် ။

ဘာတွေဖြစ်နေလဲဆိုတာ Shen Yan နားလည်သွားခဲ့တဲ့နောက်မှာတော့ သိလိုက်ရတာက ရိုက်ကူးရေးအဖွဲ့သားတွေဟာ သူတို့ရဲ့ပိုက်ဆံဆုံးရှုံးမှုကြောင့် အရမ်းကိုမခံမရပ်နိုင်ဖြစ်သွားကြတဲ့အတွက်သတင်းထောက်တွေကိုခေါ်ကာ လူသိရှင်ကြားဖြစ်စေခဲ့တယ်ဆိုတာကိုပဲ ။

Shen Yan လည်း ထိုvideoကိုကြည့်လိုက်တဲ့အခါမှာတော့ He Han ကအားလုံးကို အသည်းအသန်ရှင်းပြနေပေမဲ့ သူမကိုဘယ်သူကမှ မယုံကြည်ကြတာကို တွေ့လိုက်ရတယ် ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now