Chapter (65)

2.9K 431 11
                                    

Zawgyi

လက်ထောက်ဝူ ဥက္ကဌရုံးခန်းကို တံခါးခေါက်ပြီး အထဲကိုဝင်လိုက်တယ်။

" ဥက္ကဌမု အားလုံးအဆင်သင့်ဖြစ်နေပါပြီ"

မုရီအန်းက ထိုစကားကိုစောင့်နေသလိုမျိုး ချက်ချင်းထရပ်ပြီး သူ့ရဲ့အပေါ်ထပ်ကုတ်အင်္ကျီကိုဆွဲယူဝတ်ဆင်လိုက်တယ်။

" အမ် .. ပြန်သွားရအောင် ရှန်ယန်းဆီပြန်သွားကြမယ်"

လက်ထောက်ဝူ : "...???"

သူ ဘယ်ကိုသွားမယ်လို့ပြောလိုက်တာလဲ ? ရှန်ယန်းရဲ့နေရာကို လို့များကြားလိုက်မိတာလား?

လက်ထောက်ဝူကတော့ ဘာတစ်ခုကိုမှ ပြန်လည်မေးခွန်းထုတ်ရန်မဝံ့ရဲတာကြောင့် နားလည်ကြောင်းပဲ ပြန်ပြောလိုက်ရတယ်။

ခြေလှမ်းအနည်းငယ်လောက်လျှောက်ပြီးချိန်မှာတော့ မုရီအန်းကပြန်လှည့်လာပြီး ကားသော့ကိုယူကာ ထွက်သွားခဲ့တယ်။

"ဒီတော့ သူ ငါ့ရဲ့အကူအညီကိုမလိုဘူးပေါ့ သူကိုယ်တိုင်မောင်းသွားမှာများလား....?"

ကျိုးရို ရှန်ယန်းအတွက်စိတ်ပူနေချိန်မှာ တစ်ဖက်မှာရှိတဲ့ လီဟဲကလည်း လီရှင်းရှုံးနိမ့်သွားမှာကို စိုးရိမ်နေခဲ့တယ်။ သူသည်လည်းပဲ လီရှင်းကို စိတ်မချနိုင်စွာနဲ့ ထိုပြိုင်ပွဲကို လုပ်ဖို့ကမ်းလှမ်းခဲ့တဲ့အပေါ် ပူညံပူညံလုပ်နေခဲ့တယ်။ ဒီလိုဖြစ်ပြီးမှတော့ သူတို့တွေတိတ်တဆိတ်အကွက်ရွှေ့ဖို့ဖြစ်နိုင်ပါဦးမလား။

"  မင်းဘာလို့ဒီလောက်တောင် စိတ်လိုက်မာန်ပါလုပ်ရတာလဲ ဘာလို့ရှန်ယန်းနဲ့ပြိုင်ဖို့အတွက် စိတ်အားထက်သန်နေရတာလဲ တကယ်လို့ပြိုင်ချင်တယ်ဆိုရင်တောင် ဘာလို့ နေရာမှာလာပြီးvote ပေးရတဲ့ပုံစံကိုရွေးချယ်ရတာလဲ .. လီရှင်း မင်းရဲ့မိသားစုက ဝှက်ဖဲတွေရှိနေတယ်ဆိုတာကိုသိပေမယ့် မင်းအနေနဲ့ အမြဲတမ်းမှီခိုနိုင်ဖို့ကတော့မဖြစ်နိုင်ဘူးနော် ..  ဒီလုရှန်းလူရွေးပွဲက မင်း လုယွင်ချန်းနဲ့ပူးပေါင်းနိင်မယ့်အကောင်းဆုံး အခွင့်အရေးပဲ!"

" ကျွန်မ မနိုင်ဘူးလို့ ဦးလေးထင်နေတာလား ? ကျွန်မက ဘာလို့သူနဲ့မပြိုင်နိုင်ရမှာလဲ စောင့်ကြည့်နေလိုက် ရှန်ယန်းကသာ ရှန်းလုကနေ နှုတ်ထွက်သွားရမယ့်လူဖြစ်စေရမယ် နောက်ပြီး ချောကလက်ထောက်ခံမှုကလည်း ဘာလို့ဦးလေးကိုမှီခိုပြီးရလာတယ်လို့ သူတို့ကပြောနေရတာလဲ"

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now