Chapter (51)

4.6K 648 2
                                    

Zawgyi

Akhonn
ရှန်ယန်းနဲ့ကျိုးရိုတို့ရှန်းလုလူရွေးပွဲသို့ရောက်သည်နှင့် ကျိုးရိုကရှန်ယန်းကို စတိတ်စင်နောက်ကိုပဲ တိုက်ရိုက်သွားခိုင်းလိုက်ပြီး သူမကတော့ပရိတ်သတ်တွေရဲ့ကြားထဲမှာ ဝင်ထိုင်လိုက်တယ်။

ဒီအချိန်မှာတော့ တခြားသောယှဉ်ပြိုင်သူတော်တော်များများက ရှန်ယန်းအပေါ်အမြင်တစ်ခုတည်းသာရှိနေကြတယ် ။ သူတို့တွေအကုန်လုံးက မိတ်ကပ်လိမ်းမယ့်အခန်းထဲသို့ဝင်သွားပြ်ီဖြစ်တာကြောင့် ဒီတစ်ခေါက်အဝတ်အစားလဲခန်းက အရင်တစ်ခေါက်လောက်လူမစည်တော့ဘူး ။

ဒါပေမဲ့ကော်ရစ်တာမှာတော့ အရင်တစ်ခေါက်ကလိုတိတ်ဆိတ်မနေဘူး ။ ရှန်ယန်းက ပြတင်းပေါက်နားမှာ မတ်တတ်ရပ်နေရင်း ရှန်းလုဝတ္ထုကိုဆက်လက်ဖတ်ရှုနေခဲ့တယ် ။

ကျန်းရုံရောက်လာတဲ့အခါမှာတော့ ရှန်ယန်းကဝတ္ထုဖတ်နေရင်း ပြိုင်ပွဲဝင်ရမဲ့အချိန်ကိုစောင့်နေတာတွေ့လိုက်ရတယ် ။ရှန်ယန်းအပေါ်သူမရဲ့အမြင်ကလည်း ပြောင်းလဲးသွားခြင်းမရှိဘူး ။ ရှန်ယန်းကလည်း သူနဲ့ထပ်တူပဲလို့တွေးလိုက်ပြီး  သရေစာတချို့ကမ်းပေးလိုက်ရင်းပြောလိုက်တယ် ။

" အတူတူကြိုးစားရအောင် ! "

"ဟမ် ?"

ကျန်းရုံပုံစံက အရာအားလုံးကိုနားလည်နေတဲ့အတိုင်းပဲ ။ သူမကရိုးရှင်းစွာနဲ့ ရှန်ယန်းဘေးမှာမတ်တတ်ရပ်လိုက်ပြီး ဖုန်းကိုထုတ်လိုက်ကာ ရှန်းလုနိုဗယ်ကိုပြန်နွှေးနေလိုက်တယ် ။

ကျန်းရုံက နိုဗယ်လ်စာကြောင်းကိုပေါ့ပေါ့ပါးပါးပြောနေတယ်လို့ ရှန်ယန်းကထင်လိုက်ပြီး သရေစာအတွက်ကျေးဇူးတင်စကားပြောလိုက်ကာ နိုဗယ်လ်ကိုပဲဆက်ဖတ်နေလိုက်တယ် ။

သိပ်မကြာခင်မှာပဲ ပြိုင်ပွဲရဲ့တိုက်ရိုက်ထုတ်လွှင့်မှုစတင်လာခဲ့တယ်။

ဒီတစ်ချိန်မှာတော့ ပြိုင်ပွဲဝင်သူတွေအကုန်လုံးက စင်မြင့်ရဲ့တစ်ဖက်မှာထိုင်နေကြပြီး ဒိုင်လူကြီးတွေထွက်လာမှာကိုစောင့်နေကြတယ် ။ ရှန်ယန်းနဲ့ ကျန်းရုံသည်လည်း အတူတူထိုင်နေခဲ့ကြတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now