Chapter (66)

2.9K 429 20
                                    

Zawgyi

ဆယ်နာရီထိုးတဲ့အချိန်မှာပဲ ရှန်ယန်းနဲ့ကျိုးရိုတို့ ပြိုင်ပွဲပြုလုပ်မယ့်စင်တာသို့ရောက်ရှိခဲ့တယ်။ သူတို့စီးလာတဲ့နာနီကား စင်တာရဲ့အပြင်ဘက်မှာရပ်တန့်လိုက်ချိန်မှာတော့ ကြီးမားတဲ့လူအုပ်ကြီးကစောင့်ကြိုနေခဲ့ပြီ။

ဂိမ်းစတင်ဖို့က နာရီဝက်ခန့်ပဲလိုတော့တာလေ။

ကျိုးရို : ငါတို့ ကားထဲမှစောင့်ပြီး ခနနေမှဆင်းရအောင်"

"အိုခေ"

ပြိုင်ပွဲမစခင်ဆယ်မိနစ်လောက်မှာတော့လီရှင်းနဲ့ တခြားလူတွေရောက်ရှိလာပြီး ရှန်ယန်းတို့ကားဘေးမှာလာရပ်လေတယ်။

ထိုနာနီကားရဲ့အပြင်ဘက်ကိုကြည့်ပြီး ကျိုးရိုပြောလိုက်တယ်။

"အဲဒီကားက.."

ကျိုးရိုရဲ့စကားကြောင့် ရှန်ယန်းထိုကားကိုလှည့်ကြည့်လိုက်ကာ တစ်စုံတစ်ခုကိုတွေးတောပြီးမေးမြန်းလိုက်တယ်။

"အစ်မကျိုး ဒီကားကိုမကြာခဏမြင်ဖူးလို့လား"

ကျိုးရို: " ငါဒီကားကိုမြင်ဖူးတယ် ဒါနံပါတ်တစ်အမျိုးသားဇာတ်လိုက် ဒါမှမဟုတ် နံပါတ်နှစ်အမျိုးသားဇာတ်လိုက်ရဲ့နာနီကားဖြစ်လိမ့်မယ်"

သူမက လေပူတစ်ချက်မှုတ်ထုတ်ပြီးဆက်ပြောလာတယ်။

"လီရှင်းက သူ့ရဲ့ဖျော်ဖြေမှုတစ်တခြားလူကိုအကူအညီတောင်းထားတာပဲ ငါသာသိရင် ကျန်းရှုကိုကူညီဖို့ပြောခဲ့မှာ"

ကျိုးရိုဒါကို မတွေးမိတာတော့မဟုတ်ဘူး။ ဒါပေမယ့် တကယ်လို့တခြားလူသာကူညီမယ်ဆိုရင် ဒီပြိုင်ပွဲက အဓိပ္ပာယ်ရှိမှာမဟုတ်ဘူးလို့ခံစားမိတာကြောင့် အကောင်အထည်မဖော်ခဲ့တာဖြစ်တယ်။

လီရှင်းက နဂိုကတည်းက အနုပညာလောကမှာ ရှန်ယန်းထက်နာမည်ပိုကြီးပြီးသားပဲ။ ဒါပေမယ့်အခုတော့ သူမက သူမ(လီရှင်း)ထက်နာမည်ပိုကြီးတဲ့အနုပညာရှင်ကိုပါ အကူအညီတောင်းလာသေးတယ်။ ရှန်ယန်းက ဘယ်လိုများအနိုင်ရနိုင်ဦးမှာလဲ?

" ငါ Aမြို့တော်မှာ ငါတို့ကိုကူညီပေးဖို့ဘယ်သူရှိလဲဆိုတာမေးကြည့်လိုက်ဦးမယ် မင်းက ရှာဖွေမှုအမြင့်ဆုံးနေရာမှာရောက်နေတာဆိုတော့ မင်းကိုကူညီရင်အရှုံးရှိမှာမဟုတ်ဘူးလေ"

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now