Chapter (79)

3.2K 364 63
                                    

Unicode

ရှန်ယန်းသီချင်းဆိုပြီးနောက် ဖျော်ဖြေပွဲနောက်ဘက်သို့ပြန်သွားဖို့အတွက် နောက်ကွယ်မှ ပူဖောင်းတစ်ခုကို ဆွဲယူလိုက်တယ်။ သူမက ကျိုးရိုနဲ့အတူပြန်ဖို့ စောင့်နေတုန်းမှာ ရိုးရှင်းတဲ့အဝတ်အစားတွေကိုပြန်လဲလိုက်ပြီး ထွက်ပေါက်ဘေးနားမှာ မှီလိုက်ကာဖျော်ဖြေပွဲကြည့်နေလိုက်တယ်။

"ကတ်ကစားကြမလား?"

လုယွင်ချန်းက စင်အောက်မှာအားပေးနေကြတဲ့ ပရိသတ်တွေကိုကြည့်ပြီး သူ့လက်တွေကို ပွတ်သပ်လိုက်တယ်။

"မင်းတို့က သူ့ကိုနောက်တစ်ခါက်တစ်ယောက်တည်း သီချင်းဆိုခွင့်ပေးစေချင်တယ်ပေါ့.. အဲဒီအကြောင်း စကားနည်းနည်းပြောကြစို့.. ဒါက ဖျော်ဖြေပွဲထဲမှာ ကတ်ကစားတာနဲ့ ခံစားချက်တူတယ်မလား"

ရှန်ယန်းမငြင်းနိုင်သေးခင်မှာပဲ လုယွင်ချန်းရဲ့အေးဂျင့်က ကတ်ကစားဖို့အတွက် ရှန်ယန်းကိုဆွဲခေါ်သွားတော့တယ်။ လူသုံးယောက်လိုအပ်တာကြောင့် သူတို့ကနောက်တစ်နေရာအတွက် ဝန်ထမ်းတစ်ယောက်ကိုခေါ်လိုက်ပြန်တယ်။

"သုံးယောက်!"

"ပိုက်ပေါ်မှာလား"

"မဟုတ်ဘူး မဟုတ်ဘူး..ငါပြောင်းလိုက်မယ်"

"???"

ရှန်ယန်းက လုယွင်ချန်းရဲ့အေးဂျင့်ကို စိတ်ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်မိတယ်။ ဘာကိုပြောင်းဦးမှာလဲ?

(T/n_ ဖဲကစားနည်းတွေကိုမသိတော့ ဒီအနားကို သိပ်ပြီးတော့မရှင်းဘူး)

ရွှေအနားကွတ်ဘောင်ပါတဲ့ မျက်မှန်ကိုတပ်ဆင်ထားတဲ့ လုယွင်ချန်းရဲ့အေးဂျင့်ကတော့ ကြင်နာတတ်တဲ့ပုံအပြည့်အဝပေါ်လွင်နေပေမဲ့ ဘယ်ကတ်အမျိုးအစားကို ကစားရမလဲဆိုတာ မသိတဲ့ပုံပဲ။ နောက်ပြီး ရှန်ယန်းကလည်း တိတ်ဆိတ်နေပြီး ဘာတစ်ခုမှ ပြောမလာခဲ့ဘူးလေ။

ဖျော်ဖြေပွဲပြီးသွားချိန်မှာတော့ ရှန်ယန်းတစ်ယောက် အိမ်ပြန်ရန်အတွက် ကျိုးရိုကို အလျင်အမြန်ရှာဖွေခဲ့ပေမယ့် လုယွင်ချန်းရဲ့အေးဂျင့်က ညစာအတူစားဖို့ ပြောလာတာကြောင့် ရှန်ယန်းနဲ့ကျိုးရိုတို့ ဖျော်ဖြေပွဲအပြင်ဘက်မှာ စောင့်ဆိုင်းနေရပြန်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now