Chapter (26)

6.6K 981 42
                                    

Zawgyi

လူရွေးပွဲစတင်တဲ့အချိန်မှာတော့ အခန်းရှည်ထဲမှာစောင့်ဆိုင်းနေကြတဲ့ လူတော်တော်များများက လက်လျှော့သွားကြတော့တယ်။ အတွေ့အကြုံမရှိတဲ့ လူသစ်တွေကလဲ စိတ်လှုပ်ရှားမှုတွေမရပ်တန့်နိုင်ကြတော့ဘူး။ Shen Yan ကတော့ သူမရဲ့ဖုန်းကိုစိုက်ကြည့်နေဆဲပဲဖြစ်ပြီး လူရွေးပွဲပြီးမြောက်ပြီး ပြန်ရမယ့်အချိန်ကို စောင့်နေခဲ့တယ်။

ပထမဆုံးလူရွေးပွဲကတော့ အဓိကသရုပ်ဆောင်တွေအတွက်ပဲဖြစ်ပြီး သူတို့ပြီးမှသာ ဇာတ်ရံကာရိုက်တာတွေအတွက် စတင်လိမ့်မယ်။ Shen Yan က ငါးနာရီစောင့်ပြီးတဲ့နောက်မှာတောင် တည်ငြိမ်စွာရှိနေတုန်းပဲ။

ဒါပေမယ့် Shen Yan မျှော်လင့်မထားတာကတော့ သူမဝင်ရောက်ရွေးချယ်ခံမယ့် ဇာတ်ကောင်က အစောကြီးစတင်လာတာကိုပဲ။ အဲဒီကိစ္စက နားမလည်နိုင်စရာကောင်းနေပေမယ့်လည်း Shen Yan အတွက်ကတော့ ပိုပြီးကောင်းသွားတာပဲလေ။

ဝန်ထမ်းတစ်ယောက်က အော်ပြောလိုက်တယ်။

"နံပါတ်ရှစ် Shen Yan! "

Shen Yan ကဖြည်းညှင်းစွာမတ်တပ်ရပ်လိုက်ပြီး လူရွေးပွဲပြုလုပ်တဲ့အခန်းထဲကိုဝင်သွားလိုက်တယ်။

လူရွေးပွဲပြုလုပ်တဲ့အခန်းက ပြဇာတ်ရုံအသေးစားလေးပဲဖြစ်ပြီး အရှေ့မှာစတိတ်စင်လေးတစ်ခုရှိကာ နောက်ဘက်မှာတော့ ပရိသတ်တွေအတွက် ထိုင်ခုံတွေရှိနေခဲ့တယ်။ ပထမဆုံးအတန်းက ဒိုင်လူကြီးတွေအတွက်ဖြစ်ပြီး သူတို့ရဲ့သက်ဆိုင်ရာနေရာတွေရဲ့ရှေ့မှာ နာမည်တွေရေးထားသေးတယ်။

ဝန်ထမ်းတစ်ယောက်က Shen Yanကို မိုက်ခရိုဖုန်းကမ်းပေးလာတာကြောင့် သူမလှမ်းယူလိုက်ပြီး စတိတ်ပေါ်သို့တက်သွားလိုက်တယ်။ သူမရဲ့မျက်လုံးက ဒိုင်လူကြီးတွေဆီကိုလှမ်းကြည့်လိုက်ချိန်မှာတော့ ရင်းနီးနေတဲ့မျက်နှာတစ်ခုကိုမြင်လိုပ်ရတယ်။ Meng Yi'anပဲ။ သူ့ကိုမြင်လိုက်ရတဲ့အချိန်မှာ သူမအနည်းငယ်လောက်ထိတ်လန့်သွားခဲ့ပေမယ့် ချက်ချင်းပဲ တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ဖုံးကွယ်လိုက်တယ်။

Shen Yan ကအရမ်းကိုလှပတဲ့သူပဲ ။ ဒီတော့ လူတွေကအလှအပကိုတွေ့ရင် အံ့သြတကြီးနဲ့စိုက်ကြည့်ကြမှာပဲလေ။ သူမက တည်ငြိမ်အေးချမ်းတဲ့အသွင်အပြင်ရှိသလို တစ်ချိန်ထဲမှာပဲ တောက်ပတဲ့ ပုံစံမျိုးလည်းရှိနေခဲ့ပြီး ဝိရောဓိဖြစ်စေတဲ့ခံစားမှုကိုပေးစွမ်းနိုင်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now