chapter (23)

7.1K 1K 31
                                    

Chapter 23

Shen Yan က  လက်ထောက်ဒါရိုက်တာကို နောက်တစ်ကြိမ် ထပ်ပြီးတော့အကြံပေးခဲ့တယ် ။

" ဒီဒရမ်မာမှာ ရင်းနှီးမြှုပ်နှံဖို့ ရှင်စဉ်းစားသင့်တယ်နော် "

" ဘာကြောင့် ငါ့ကို ' Chen Fei ' မှာရင်းနှီးမြှုပ်နှံစေချင်နေရတာလဲ "

" ငွေတွေအများကြီးရနိုင်တယ်လေ "

" မင်းဘယ်လိုသိလဲ?"

“ မှန်းကြည့်​လေ...”

“………”

“…..”

လက်ထောက်ဒါရိုက်တာက ခဏလောက်စဉ်းစားလိုက်ပြီး နောက်ဆုံးမှာတော့စိတ်မပါစွာပြောလာတယ် ။

" ငါ့ပိုက်ဆံတွေကို ရှယ်ယာတွေဝယ်ဖို့အတွက်သုံးခဲ့ပြီးပြီလေ "

လက်ထောက်ဒါရိုက်တာက သူ့ရဲ့ငွေတစ်ချို့ကို Shen Yan အကြံပေးခဲ့တဲ့ရှယ်ယာတွေကိုဝယ်ခဲ့ရပြီး အခုချိန်မှာလည်း သူမက သူ့ကို ချန်ဖေးဇာတ်လမ်းတွဲထဲမှာရင်းနီးမြှပ်နှံခိုင်းနေပြန်ပြီလို့ တွေးတေားနေတယ်။

နောက်ဆုံးတော့ သူ့ရဲ့ငွေတွေကို ချန်ဖေးဇာတ်လမ်းထဲမှာပဲ ရင်းနီးမြှပ်နှံလိုက်တော့တယ်။

အမြတ်ငွေရရှိဖို့ ချန်ဖေးထဲမှာ ရင်းနီးမြှပ်နှံလိုက်တယ်ဆိုပေမယ့် လက်ထောက်ဒါရိုက်တာက ယုံကြည်မှုတော့ရှိမနေဘူး ။

နောက်နေ့မှာတော့  ချန်ဖေးရိုက်ကူးရေးကပြန်လည်အလုပ်စပြီးနောက် Li Junက He Hanကို ရိုက်ကူးရေးထဲကနေဖယ်ထုတ်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် He Hanက စာချုပ်စာတန်းကိုဖောက်ဖျက်တဲ့အတွက်လျော်ကြေးပေးဖို့ Li Junထံမှတောင်းခံလိုက်တယ် ။

ဒါပေမယ့် Li Junက သူမကို ပမာဏအများကြီးမပေးခဲ့တာကြောင့် သူမအနေနဲ့ နစ်နာကြေးအနည်းငယ်သာရရှိခဲ့တယ်။

She Yan ကအဲဒီသတင်းကို လက်ထောက်ဒါရိုက်တာထံမှသိခဲ့ရပြီး သူမထွက်ခွာသွားတဲ့အချိန်မှာ ရိုက်ကူးရေးမှာရှိတဲ့လူအများကြီးက သူမကို ပုတ်သိုးနေတဲ့အသီးအရွက်တွေနဲ့ ပစ်ပေါက်ခဲ့ကြကြောင်းကိုလည်း သိခဲ့ရတယ် ။

ပြောခဲ့တာကတော့ He Han က စတော့ရှယ်ယာတွေကျဆင်းသွားတဲ့အချိန်မှာ သူမဘာမှမလုပ်ခဲ့ဘူးဆိုပြီး ဖြေရှင်းခဲ့တယ်။ နောက်ဆုံးမှာတော့ He Han ကသာ သူတို့ကိုဖိအားမပေးခဲ့ဘူးဆိုရင် သူတို့ထဲကဘယ်သူကများစတော့ရှယ်ယာတွေကိုဝယ်ဖို့စိတ်ဝင်စားမှာတဲ့လဲ ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now