Chapter (30)

6.5K 979 21
                                    

Akhonn

Zawgyi

Shen Yan (ရှန်ယန်း) သူမလက်ကို Meng Yi'an ( မုရီအန်း) လက်ထဲက အကြိမ်ပေါင်းများစွာရုန်းထွက်ချင်နေပေမဲ့လည်း မုရီအန်းရဲ့ အားကိုမဆန့်ကျင်နိုင်ဘူးဖြစ်နေတယ် ။

သူမက သူမရဲ့လက်ကောက်ဝတ်နှင့် မုရီအန်းရဲ့လက်ကိုငုံ့ကြည့်လိုက်တဲ့အခါမှာတော့ ထိုသူ၏ သေးသွယ်တဲ့ အရိုးအဆစ်ရှိတဲ့ လက်ချောင်းများကိုတွေ့မြင်လိုက်ရသည် ။

" မင်း အပြစ်ရှိသလိုခံစားနေရတယ် "

မုရီအန်းရဲ့လေသံကပေါ့ပါးနေပြီး မျက်လုံးများကတော့အနည်းငယ်မှေးမှိန်နေသည် ။

" ငါ့ကိုစောင့်ပေးဖို့ မင်းကိုမပြောခဲ့ဘူးလား ပိုက်ဆံရှာဖို့ ငါအလုပ်တွေကြိုးစားခဲ့ပေမယ့် မင်းကတော့ငါ့ကို အမှိုက်တစ်စလို ပစ်သွားခဲ့တယ် "

ရှန်ယန်းက သူမရဲ့လက်ကောက်ဝတ်တွေကို ဆုတ်ကိုင်ထားတဲ့ မုရီအန်းရဲ့လက်ထဲကနေ ရုန်းထွက်ချက်နေပေမယ့် သူမအနေနဲ့မတက်နိုင်ဘူးဖြစ်နေတယ် ။ မုရီအန်းက တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထာတာကြောင့် သူမလက်တွေ အနည်းငယ်လောက်နာကျင်နေပြီ ။

မုရီအန်းကရှေ့သို့ခြေတလှမ်းလှမ်းလိုက်ပြီး ရှန်ယန်းရဲ့နား,အနားကိုငုံ့ကိုင်းကာပြောလာတယ် ။

" မင်းလိုတာချင်တာ ငါမဝယ်ပေးနိုင်ဘူး ၊ ပြီးတော့မင်းအနားမှာနေဖို့အတွက် ဘယ်လိုအရည်အချင်းမျိုးရှိရမယ်ဆိုပြီး မင်းပြောခဲ့တယ်လေ.. မင်းအကြောင်းကိုမေ့ဖို့ အချိန်သုံးနှစ်လောက်ယူခဲ့ရပေမယ့် မင်းကပဲ ငါ့ရှေ့မှာ ထပ်ပေါ်လာတယ်  ဒါပေမဲ့ဒီတစ်ကြိမ်မှာလည်း မင်းကငါ့ကိုရှောင်နေပြန်တယ်  ငါဘယ်လိုတွေးရမလဲ ! "

" ငါ့ကိုလွှတ် "

ရှန်ယန်းရဲ့စကားကြောင့် မုရီအန်းက မသိစိတ်အရ လက်ကိုအနည်းငယ်ဖြေလျော့ပေးမိသွားပေမယ့် ချက်ချင်းပဲ တင်းတင်းကြပ်ကြပ် ပြန်လည်ဆုပ်ကိုင်လိုက်တယ် ။

ရှန်ယန်းက နောက်သို့ဆုတ်လိုက်ကာ သူ့မရဲ့လက်ကိုအားကုန်သုံးပြီး ထပ်မံရုန်းလိုက်တယ် ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now