Chapter (81)

2K 305 18
                                    

Unicode

" အားလုံးပဲ မင်္ဂလာပါ .. ဒါကတော့ ရှန်းလုဒရမ်မာအတွက် လူရွေးပွဲပဲဖြစ်ပါတယ်.. နောက်ဆုံးပြိုင်ပွဲစဥ်ဆိုရင်လည်း မမှားဘူးပေါ့..ဒီတစ်ခေါက်ပြိုင်ပွဲမှာတော့ ရှန်းလုဒရမ်မာအတွက် ခေါင်းဆောင်မင်းသမီးနေရာနဲ့ ဒုတိယဇာတ်လိုက်နေရာတို့ ပေါ်ထွက်လာတော့မှာပါ"

Hostတွေက အဖွင့်စကားပြောပြီးနောက် ဒိုင်လူကြီးတွေကို ဦးစွာဖိတ်ခေါ်လိုက်တယ်။ ပြီးနောက် ပြိုင်ပွဲဝင်မယ့် အဖွဲ့ဝင်တွေကို နေရာယူစေတယ်။

ရှန်ယန်း စင်အနောက်ဘက်မှ တက်လာပြီးနောက် သူမရဲ့ထိုင်ခုံနေရာကို တိုက်ရိုက်သွားထိုင်နေလိုက်တယ်။

ကျိုးရိုတစ်ယောက် ရှန်ယန်းကိုစိတ်ပူပန်နေရတဲ့အတွက် ဝမ်ဖန်းသည်လည်း ပွဲကိုရောက်ရှိနေတာကို မသိခဲ့ဘူး။ ဝမ်ဖန်းက ကျိုးရိုရဲ့ပူပန်နေတဲ့အမူအယာကိုမြင်တော့ သူမကို တွန်းထိလိုက်တယ်။

"ဘာဖြစ်နေတာလဲ .. အဲလောက်ထိ စိတ်လှုပ်ရှားမနေစမ်းပါနဲ့.. မနေ့တုန်းက ရှန်ယန်းက  ကိုယ်လုပ်တော်ချန်ဇာတ်ကားထဲမှာ ပေါ်လာပြီလေ.. သူ့ရဲ့အောင်မြင်မှုက နောက်တစ်ဆင့်ကိုတက်သွားပြီပဲကို.. မဲအရေအတွက်စနစ်နဲ့ဆိုရင် သူမ ခဏလေးနဲ့အနိုင်ရလောက်ပါတယ်"

ဝမ်ဖန်ရဲ့စကားသံကိုကြားမှ သူမရဲ့ဘေးမှာထိုင်နေတဲ့သူက ဝမ်ဖန်းဖြစ်နေကြောင်းကို ကျိုးရိုသတိပြုမိသွားတယ်။ သူမက ဝမ်ဖန်းကို စကားအနည်းငယ်လောက် တီးတိုးပြောလိုက်တော့ ဝမ်ဖန်းရဲ့မျက်နှာက ခဏလေးအတွင်းမှာပဲ ရုပ်ဆိုးသွားရတယ်။

ဝမ်ဖန်း: " ရှန်ယန်း.. ရှန်ယန်း ဒီလိုပုံစံနဲ့ အဆင်ပြေပါ့မလား"

ကျိုးရို သူမရဲ့နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။

" ဟင်း.. သူ့ရဲ့ခြေထောက်ကို ပတ်တီးနဲ့စည်းထားတယ်ဆိုပေမယ့် သွေးတွေထွက်နေတုန်းပဲ.. ခဏနေရင် ဘယ်လိုလုပ်ပြီး ကနိုင်တော့မှာလဲ.. သူမက ငါ့ကိုခေါင်းဆောင်မင်းသမီးနေရာကို လိုချင်တယ်လို့ ပြောသွားသေးတယ်.. သူ ဘာပြောချင်တာလဲ"

ထိုအချိန်မှာပဲ ပြိုင်ပွဲအတွက် မဲနှိုက်ချိန်ရောက်လာခဲ့ပြီ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now