Chapter (44)

5K 728 10
                                    

Zawgyi

လုယွင်ချန်းထံသို့သွားရောက်လည်ပတ်ခဲ့တဲ့ပရိတ်သတ်တွေက လုယွင်ချန်းရဲ့ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူတကွစုရုံးပြီး ရှိနေခဲ့ကြတယ်။ မနက်ဖန် ချန်ယွီက အယ်လ်ဘမ်နဲ့ပိုစတာတွေကိုပေးမယ်ဆိုပြီး သူတို့နှင့်တွေ့ဖိုပြောထားတဲ့နေ့ပဲ။

လုယွင်ချန်းကိုတွေ့ရဖို့အတွက် တစ်လလောက်ပိုက်ဆံစုခဲ့ရတယ်ဆိုတဲ့ပရိတ်သတ်က လုယွင်ချန်းရဲ့နာမည်ကို စာရင်းပြုစုနေရင်းက လေသံတိုးတိုးနဲ့ပြောလာတယ်။

" တကယ်လို့သူတို့သာ အယ်လ်ဘမ်နဲ့ပိုစတာတွေကို ရှာမတွေ့တော့ဘူးဆိုရင် အဲဒါတွေကိုရဖို့ကခက်ခဲသွားပြီ တစ်ယောက်ကမှလဲရောင်းချင်မှာမဟုတ်ဘူး သူတို့တွေ ယွင်ချန်းကိုရှာတွေ့အောင် ဘယ်လိုလုပ်နိုင်လောက်မလဲ

လီလီက သူမရဲ့ခါးပေါ်ကိုလက်ထောက်လိုက်တယ်။

"စိတ်မပူနဲ့ ငါနင်တို့အတွက်ဆုံးဖြတ်ပေးမယ် ချန်ယွီပျောက်သွားတဲ့ဟာတွေကို နင်တို့ကိုပြန်လျှော်ပေးရမယ်"

"ဒုဥက္ကဌက အဲဒီကိစ္စနဲ့ပတ်သက်ပြီးဂရုမစိုက်ဘူး နင်က ဒီကိစ္စကို သူ့ကိုတာဝန်ယူခိုင်းမယ်လို့ပြောနေတာဆိုတော့ အဲဒီဒုဥက္ကဌက ချန်ယွီကိုကူညီပေးလောက်မလားပဲ?"

“မသိဘူး ဒါပေမယ့် ငါတို့တွေချန်ယွီကို ဖြေရှင်းခိုင်းရမှာပဲ နောက်ပြီး ရှန်ယန်းက ချန်ယွီကိုကူညီနေတာမဟုတ်ဘူးလား "

“ရှန်ယန်းက ဒီနေ့လုပ်တဲ့ "အနာဂတ်ရဲ့ကြယ်ပွင့်များ"ပြိုင်ပွဲမှာဝင်ပြိုင်ပြီး ပထမရသွားတယ် ငါတို့ရဲ့ယွင်ချန်းကလဲဒိုင်တွေထဲကတစ်ယောက်ပဲ ငါထင်တာတော့ သူကချန်ယွီကိုကူညီဖို့နည်းလမ်းရှာနေလောက်တယ်"

သူတို့ကအချိန်အကြာကြီးဆွေးနွေးခဲ့ပြီး နောက်မှာပိုပြီးအားတက်လာကြတယ်။ ထို့နောက် မနက်ဖန်သွားမယ့်အချိန်ကိုဆွေးနွေးပြီး အကုန်လုံးပြန်သွားခဲ့ကြတယ်။

ညဘက်ကိုရောက်တော့ ရှန်ယန်း ရှန်းလုနိုဗယ်ကိုဖတ်နေတုန်းမှာပဲ ချန်ယွီက အသံကျယ်ကျယ်နဲ့အိပ်ပျော်နေခဲ့ပြီ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now