Chapter (68)

3K 458 28
                                    

Zawgyi

လုယွင်ချန်းက မိုက်ခရိုဖုန်းကိုကိုင်ပြီး စင်ရဲ့တစ်ဖက်ခြမ်းကနေ တက်လာတာကိုတွေ့လိုက်ရတော့ လူအုပ်ကြီးရဲ့ဟစ်ကြွေးသံက မိုးကိုဖောက်ထွင်းလုမတတ်ကျယ်လောင်သွားခဲ့တယ်။ တချို့တွေက အသံတွေပြာအက်တဲ့အထိ အားပေးအော်ဟစ်နေတဲ့အတွက် သူတို့ရဲ့အသံတွေက လုယွင်ချန်းရဲ့သီချင်းသံကိုပါလွှမ်းမိုးနေခဲ့သလိုပဲ။

အနည်းငယ်လောက်ဆိုပြီးချိန်မှာတော့ လုယွင်ချန်းက ပရိတ်သတ်တွေကိုအသံလျှော့ဖို့သတိပေးလိုက်ပြီးမှ ရှန်ယန်းကိုဆက်ဆိုဖို့အချက်ပြလိုက်တယ်။

ချိုသာငြိမ့်ငြောင်းပြီးရှင်းလင်းတဲ့ သီချင်းသံက ထပ်မံထွက်လာခဲ့ပြီး___ လူထုကိုပျော်ဝင်ယစ်မူးသွားစေတယ်။

လုယွင်ချန်းရောက်လာခဲ့တယ်! လုယွင်ချန်းက ရှန်ယန်းကိုကူညီပေးဖို့ရောက်လာခဲ့တယ်!

ဆူညံအော်ဟစ်နေတဲ့လူတွေကလည်း လုယွင်ချန်းက စကားပြောနေတာကိုရပ်တန့်ခိုင်းလိုက်ပြီးနောက် ရှန်ယန်းရဲ့သီချင်းဆိုသံကိုကြားလိုက်ရချိန်မှာ မတတ်နိုင်ဘဲ မျက်နှာတွေနီရဲသွားကြလေတယ်။

စင်အောက်မှာ ရှန်ယန်းကိုပံ့ပိုးဖို့ bannerတွေကိုင်ထားကြတဲ့ ဝမ်ဖန်းနဲ့ကျန်းရုံတို့ကတော့ လုယွင်ချန်းက ရှန်ယန်းကိုကူညီပေးဖို့ထွက်လာတာကိုမြင်လိုက်ရချိန်မှာ ကြက်သေသေပြီးလှုပ်ရှားဖို့တောင်မေ့လျော့သွားခဲ့ရတယ်။

သူတို့တွေးထင်ခဲ့တာ .. သူတို့ခဏလေးတင်ကမှတွေးနေခဲ့တာက ရှန်ယန်းရှုံးတော့မှာဆိုပြီးတော့လေ။ ဒါပေမယ့်အလှည့်အပြောင်းကဒီလောက်ထိကြီးမားသွားမှတော့ အခုချိန်မှာ ရှန်ယန်းနိုင်တော့မယ်ဆိုတာ လူတိုင်းသဘောပေါက်သွားနိုင်ပြီ။

" အစ်မကျိုး လုယွင်ချန်းက ဒီကိုဘယ်လိုရောက်လာတာလဲ"
ဝမ်ဖန်းအော်မေးလိုက်တယ်။

ဒါပေမယ့် ကျိုးရိုကတော့ ပရိတ်သတ်တွေနဲ့အပြိုင်အော်နေတုန်းပဲ။

" လုပ်ထား လုပ်ထား ရှန်ယန်း ! ပထမ!"

ဝမ်ဖန်းကတော့ နည်းနည်းလောက်စိုးရိမ်နေတယ်။ လုယွင်ချန်းက ရှန်ယန်းကိုကူညီပေးဖို့ရောက်လာတယ်ဆိုတော့ လုယွင်ချန်းရဲ့ပရိသတ်တွေက ရှန်ယန်းကို အွန်လိုင်းပေါ်ဆန့်ကျင်လာခဲ့ရင်ဘယ်လိုလုပ်မလဲ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now