Chapter (84)

1.5K 250 9
                                    

Unicode

ထိုညတွင် လီမိသားစုမှ လီဆွေ့ယွီအားတောင်းပန်ရန်အတွက် လီရှင်းအား ခေါ်ဆောင်သွားခဲ့တယ်။ စင်စစ်တွင်ကား လီဆွေ့ယွီမှာ သူမကို လက်ခံတွေ့ဆုံချင်စိတ်ရှိမနေခဲ့ပေ။ သူမက ခြံထဲတွင်ထိုင်ကာ ဒရမ်မာဇာတ်လမ်းကြည့်လိုက်၊ အသီးအနှံတွေစားလိုက်လုပ်ရင်း သူမ အိမ်မှာ မရှိဘူးလို့ အန်တီချင်ကို အကြောင်းပြန်ခိုင်းလိုက်တယ်။

လီဆွေ့ယွီ: “သူတို့ရောက်လာရင် ကျွမ်မ အိမ်မှာမရှိဘူး၊ မတွေ့မိဘူးလို့ပြောလိုက်.. ကျွန်မ ရီအန်းကို ဘလိုင်းဒိတ်က အကြံကောင်းဆိုတဲ့အကြောင်းကိုပြပေးရမယ်.. နောက်ပြီး လက်တလောရှန်ယန်းမှာ ဘယ်လိုအစီအစဥ်တွေရှိနေလဲဆိုတာကိုလည်း စုံစမ်းပေးဦး.. သတိတော့ထား ..ရီအန်းမသိစေနဲ့.. ရှန်ယန်းက ရီအန်းကို သွားပြောမှာကိုတော့ စိတ်ပူနေစရာမလိုဘူး.. ရှန်ယန်းက ကျွန်မကိုတောင် ဝင်ပါစေချင်နေတာဆိုတော့ သူဘာမှပြောမှာမဟုတ်ဘူး.. ဒါပေမဲ့ ရီအန်းက လီရှင်းကိစ္စမှာ ကျွန်မကိုသံသဝင်ဝင်နေမှာစိုးရတယ်"

လီဆွ့ယွီက စိတ်လှုပ်ရှားစွာပြောမိတယ်။

"ရှန်ယန်းရဲ့ သရုပ်ဆောင်စွမ်းရည်က တော်တော်လေးကောင်းတာပဲ"

လီဆွေ့ယွီ ဘာတွေပြောမိနေတာလဲ။ သူမ ရှန်ယန်းကို ချီးကျူးနေသလား။ သူမကို ဘာလို့ ချီးကျူးနေတာလဲ။

လီဆွေ့ယွီ: "ဟားဟားဟား.. ကျွန်မပြောချင်တာက ရှန်ယန်းရဲ့သရုပ်ဆောင်ချက်တွေက ဇာတ်လိုက်မ,ဖြစ်ရလောက်တဲ့အထိ မကောင်းပေမဲ့လည်း လုံးလုံးကြီးဆိုးရွားနေတာမျိုးမဟုတ်ပါဘူးလို့"

အန်တီချင် :"barrage မှာ အမျိုးသမီးဇာတ်လိုက်နဲ့ပတ်သက်ပြီး မကျေမနပ်ပြောနေကြတယ်"

[T/n_ barrageဆိုတာကကွာ commentလိုပုံစံမျိုးပဲ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဇာတ်ကားတွေ၊ ပရိုဂရမ်တွေထုတ်လွှင့်တဲ့အချိန်မှာ screenရဲ့အပေါ် ဒါမှမဟုတ် အောက်ဘက်တွေမှာ ဆက်တိုက်သွားနေတဲ့ဟာမျိုးလေ အရင်တုန်းက commentဆိုပြီးပဲသုံးခဲ့ပေမဲ့ နည်းနည်းလောက်ကွဲသေးတာဆိုတော့ barrageလို့ပဲဆက်သုံးလိုက်တော့မယ်နော်)

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now