Chapter (56)

3.5K 493 14
                                    

Zawgyi

ဝမ်ဖန်းအနေနဲ့ အမှန်တကယ်ကိုပြောမထွက်နိုင်တဲ့စကားဖြစ်နေပေမယ့် ရှန်ယန်းနှင့် ကျန်းရုံတို့ထံမှ သူ့ကိုစိုက်ကြည့်နေတဲ့အကြည့်စူးစူးတွေကိုလက်ခံရရှိလာခဲ့တာကြောင့် သူ့ရဲ့မျက်နှာကိုတည်ငြိမ်ဖို့မနည်းကြိုးစားပြီး ပြောလာခဲ့တယ်။

" လောင်းကြေးက ... ရှန်ယန်းသာအနိုင်ရခဲ့မယ်ဆိုရင်.. ကျန်းရုံကနှုတ်ထွက်ရလိမ့်မယ်"

ထိုစကားတွေကိုကြားတော့ ကျန်းရုံရဲ့ခြေထောက်တွေကပျော့ခွေသွားသလိုခံစားရပြီး လဲပြိုကျခါနီးဖြစ်သွားရတယ်။ သူမရဲ့မျက်ဝန်းတွေက နီရဲလာခဲ့ပြီး ရှန်ယန်းရဲ့ခြေထောက်တွေကိုတိုက်ရိုက်ပဲဖက်တွယ်လာခဲ့တယ်။

"အစ်မယန်ယန်း .. ဒီမှာ(67)ယောက်ပဲကျန်ခဲ့တာဖြစ်ပြီး ကျွန်မက အဲဒီလူတွေထဲမှာအနိုင်နိုင်ပါသွားခဲ့တာပါ .. တကယ်လို့ အရန်နေရာလေးပဲသရုပ်ဆောင်ရမယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး "

ကျိုးရိုက တောင်းပန်တိုးရှိုးပြီးပြောလာခဲ့တယ်။

" ငါသိတယ် ... ကျန်းရုံရဲ့အောင်မြင်မှုက တကယ့်ကိုခက်ခက်ခဲခဲကြိုးစားပြီးမှရလာခဲ့တာ ဒီတော့ သူ့ကိုထုတ်လိုက်ဖို့ဆိုတာက နည်းနည်းအဓိပ္ပာယ်ရှိတယ်"

ကျိုးရိုပြောချင်တဲ့အဓိပ္ပာယ်က သူမအနေနဲ့ကျန်းရုံကပြိုင်ပွဲကနှုတ်ထွက်သွားရဖို့ကို မဖြစ်စေချင်ဘူးလို့ဆိုလိုတာဖြစ်ပေမယ့် ကျန်းရုံရဲ့နားထဲမှာတော့ အရာအားလုံးကပြီးဆုံးသွားတဲ့အဓိပ္ပာယ်ကိုသက်ရောက်သွားစေတယ်။

ရှန်ယန်းက သူမရဲ့ခြေထောက်တွေကို အနည်းငယ်လှုပ်ရင်းပြောလိုက်တယ်။

" လွှတ်ပေးဦး "

"ဟင့်အင်း မလွှတ်ပေးဘူး"

ရှန်ယန်းက နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်ပြီး ခါးကိုင်းကာ ကျန်းရုံကိုငုံ့ပြီးကြည့်လိုက်တယ်။ ရှန်ယန်းထင်တာကတော့ ကျန်းရုံရဲ့အတွေးထဲမှာ သူမ(ရှန်ယန်း)ကညှိနှိုးရလွယ်ကူပေမယ့် ကျိုးရိုကတော့ ရှန်ယန်းရဲ့မန်နေဂျာဖြစ်နေတဲ့အတွက် သူမနှင့် ရင်းနီးကျွမ်းဝင်မှုမရှိတာဖြစ်နိုင်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now