Chapter (58.1)

3.5K 532 7
                                    

Zawgyi

ရှန်ယန်းရဲ့ပိုက်ဆံတွေကို ရင်းနီးမြုပ်နှံဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပြီး ယခင်ရှယ်ယာတွေဆီမှ ရရှိထားတဲ့အမြတ်ငွေတွေကိုတော့ ရှေးဟောင်းပန်းအိုးဝယ်ယူဖို့ရန်အတွက် စဉ်းစားထားတာဖြစ်တယ် ။ တကယ်လို့သူမအနေနဲ့ အဲဒီပန်းအိုးကိုရှာမတွေ့နိုင်ရင်တောင် အနာဂတ်မှာလူသိများပြီးတန်ဖိုးတက်လာမယ့်ရှေးဟောင်းပစ္စည်းတွေ ဝယ်ယူဖို့စီစဉ်ထားတယ်။

ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွေအနီးကိုရောက်တော့ ရှန်ယန်းက ခင်းကျင်းပြသထားသမျှတွေကို ချက်ချင်းလိုက်ကြည့်ပြီးချိန်မှာတော့ သူ(မ)လိုချင်တဲ့ပန်းအိုးကို ရောင်းချရန်အတွက်ခင်းကျင်းထားတာကိုတွေ့လိုက်ရတယ်။

ထိုရှေးဟောင်းပစ္စည်းက ဘယ်လောက်ထိအဖိုးထိုက်တန်လဲဆိုတာကို ရှန်ယန်းမသိတာကြောင့် သူမက ထိုပန်းအိုးအနီးသို့မသွားခင်မှာ တခြားပန်းအိုးတွေကို ဝေ့ဝိုက်ပြီးကြည့်လိုက်သေးတယ်။

တခြားဘက်မှာရှိနေတဲ့ မုရီအန်းကလည်း ဘေးဘီကိုလှည့်ပတ်ကြည့်တာမျိုးတောင်မလုပ်ပဲ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ထဲကို တိုက်ရိုက်ပဲလျှောက်လှမ်းပြီးဝင်လာခဲ့တယ်။ လူနှစ်ယောက်ဟာ ဦးတည်ရာတစ်ခုတည်းကိုပဲလျောက်လှမ်းလာခဲ့တာဖြစ်ပြီး တစ်ဦးကရှေ့တည့်တည့်ကိုပဲဦးတည်နေချိန်မှာ ကျန်တဲ့တစ်စုံတစ်ယောက်ကတော့ လှည့်ပတ်ကြည့်ပြီးမှလျှောက်လာခဲ့ခြင်းဖြစ်ပေတယ်။

ရှန်ယန်းကလှည့်ပတ်ကြည့်ပြီးအေးအေးသက်သာလျှောက်လာချိန်မှာပဲ ဆိုင်ပိုင်ရှင်ကအမျိုးသားတစ်ဦးနဲ့စကားပြောနေတာကိုတွေ့လိုက်ရတယ်။

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ ခင်ဗျားဆီက ဒီပန်းချီကားကိုပါထည့်လိုက်လေ .. ကျွန်တော်ဒီနှစ်ခုကို (50000)ပေးမယ်"

ထိုအချိန်မှာပဲ ဈေးညှိနှိုင်းနေတဲ့ ပိုင်ရှင်ကပြန်ဖြေလာတယ်။

"ဒီပန်းချီကားက နာမည်ကြီးပန်းချီပညာရှင်ဆွဲထားတာမဟုတ်ပေမယ့် နာမည်ကြီးပညာရှင်တွေအာမခံချက်ပေးထားတာကွ "

ရှန်ယန်းက သူမရဲ့ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး ထိုပန်းချီကားရှိရာဆီကို အနည်းငယ်လှမ်းမျှော်ပြီးကြည့်လိုက်တော့ မုမိသားစုရဲ့အမှတ်အသားကိုရေးထွင်းထားတာကိုမြင်လိုက်ရတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now