Chapter (31)

7.1K 1K 41
                                    

Zawgyi

ကျိုးရို က နေ့လည်ဘက်အတွက်လက်မှတ်ဖြတ်ထားတဲ့အတွက် ရှန်ယန်း နဲ့အတူ ဟိုတယ်မှာ မနက်စာစားပြီးတဲ့နောက် လေဆိပ်ကိုထွက်လာခဲ့ကြတယ်။ ကျန်းရုံ နဲ့ဝမ်ဖန်းတို့လည်း သူတို့ရဲ့နောက်မှာအတူတကွလိုက်ပါလာခဲ့တယ်။

ကျန်းရုံ က ရှန်ယန်းပါဝင်ခဲ့တဲ့ Talent showအကြောင်းကိုစပ်စုချင်တာကြောင့် ရှန်ယန်း ကို သူမကစပြီးစကားပြောနေခဲ့တယ်။

ရှန်ယန်းအတွက် အချိန်အတော်ကြာတဲ့အထိ ကျန်းရုံ ရဲ့ မြှောက်ပင့်စကားတွေကို နားထောင်ခဲ့ရတယ်။

"ယန်းယန်း နင်က အရမ်းလှတာပဲ ”

"ယန်ယန်း နင်ကအကျင့်စရိုက်ကောင်းတွေရှိတာပဲ "

“ဘယ်လို skin care အမျိုးအစားကိုသုံးတာလဲ ရေမွှေးကရော ဘာတံဆိပ်ကိုသုံးလဲ ?"

ရှန်ယန်း ကတော့ ကျန်းရုံ နဲ့စကားပြောလိုတဲ့ဆန္ဒမရှိတဲ့အတွက် စိတ်မပါစွာနဲ့ပြန်ဖြေနေရတယ်။ သူမက ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူမျိုးမဟုတ်ဘူး။

သူတို့လေဆိပ်ကိုရောက်ပြီး ကားထဲကထွက်တဲ့အချိန်မှာလည်း ကျန်းရုံ က ရှန်ယန်း ရဲ့နောက်ကို ထပ်ပြီးလိုက်လာခဲ့တာကြောင့် ရှန်ယန်း က လှည့်ကြည့်ပြီးမေးလိုက်တယ်။

“နင် ဘာလိုချင်လို့လဲ?”

ကျန်းရုံအနေနဲ့ ရှန်ယန်း က သူမကိုတိုက်ရိုက်ပြောလာလိမ့်မယ်လို့မထင်ခဲ့မိဘူး ။ သူမကို ရှန်ယန်း က လွှမ်းမိုးချုပ်ကိုင်လိုက်သလိုခံစားလိုက်ရပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ဖြေလိုက်တယ်။

“ငါက နင် ဘယ်လို Talent showတွေမှာ ပါခဲ့တာလဲဆိုတာကို မေးချင်လိုပါ "

“talent showမဟုတ်ဘူး TV ဇာတ်လမ်းတွဲ ..အဲဒါက Xianlu ရဲ့ ရှန်းရှဇာတ်လမ်းတစ်ခုပဲ "

ရှန်ယန်း ရဲ့ပွင့်လင်းလှတဲ့အဖြေကြောင့် ကျန်းရုံတစ်ယောက် သတိလစ်သွားမတတ်ဖြစ်သွားပြီး ဆက်ပြောစရာစကားရှာမရလေတော့ဘူး ။ ဒါပေမယ့် တဖက်မှာတော့ ရှန်ယန်းရဲ့စကားက သူမကိုအတွေးပွားစေတယ်။  သူမ(ရှန်ယန်းကို)ရဲ့ပုံစံက သူမတွေးထင်ထားတာနဲ့ ကွဲပြားခြားနားနေတယ်လေ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now