Chapter (64)

3K 424 15
                                    

Unicode

ဒီလိုဟာမျိုးကို သူတို့တွေဘယ်လိုများလက်ခံနိုင်မှာလဲ ?

ကျိုးရိုတစ်ယောက် ခြေထောက်တွေပျော့ခွေသွားတော့မတတ်ဘဲ။ ရှန်ယန်းက ရှန်းလုမှာသရုပ်ဆောင်ရဖို့အတွက် သေချာနေပြီဖြစ်ပေမယ့် အခုတော့ လီရှင်းနဲ့အလောင်းအစားလုပ်ရတော့မယ်__

တကယ်လို့ သူမသာရှုံးနိမ့်သွားခဲ့ရင်ရော ။ ဒါပေမယ့်ခုချိန်မှာတော့ ကျိုးရိုအနေနဲ့ ရှန်ယန်းအနိုင်ရလိမ့်မယ်လို့အသေအချာယုံကြည်ထားသလိုမျိူးပဲပြောနိုင်တော့တယ်။

" လီမိန်းကလေး .. ဒီပြိုင်ပွဲက ရှင်ကိုယ်တိုင်စခဲ့တာနော် ဒီတော့ ရှင်လုပ်ခဲ့တဲ့လောင်းကစားပွဲမှာ ရှင်ရှုံးနိမ့်မယ်ဆိုရင်လဲ အရှုံးကိုလက်ခံဖို့အဆင်သင့်ဖြစ်နေဖို့မျှော်လင့်ပါတယ်"

လီရှင်း ရယ်မောပြီးပြောလာတယ်။

" ဒီစိန်ခေါ်ပွဲကို ရှန်ယန်းကိုယ်တိုင်လက်ခံခဲ့တာလေ ဒီတော့ ရှန်ယန်းတစ်ယောက်ရှုံးနိမ့်ခဲ့မယ်ဆိုရင်လည်း အရှုံးကိုလက်ခံဖို့အဆင်သင့်ဖြစ်နေပါစေနော်"

ရှန်ယန်း သူမရဲ့ဆံပင်ရှည်တွေကို နားရွက်နောက်မှာညှပ်လိုက်တယ်။

"မနက်ဖန်တွေ့ကြတာပေါ့"

သူမက ပြောပြီးပြီးခြင်းပဲ သူမရဲ့ဦးတည်ရာသို့ နောက်ကိုလှည့်မကြည့်စတမ်းလျှောက်သွားခဲ့ကာ စကျင်ကျောက်နဲ့လုပ်ထားတဲ့ကြမ်းပြင်ပေါ်သို့နင်းဖြတ်သွားတဲ့ ဒေါက်မြင့်ဖိနပ်မှထွက်ပေါ်လာတဲ့အသံကိုသာချန်ထားရစ်ခဲ့တယ်။

ရှန်ယန်းအနေနဲ့ဒီပြိုင်ပွဲကို ငြင်းဆန်နိုင်တယ်။ ဒါပေမယ့်သူမကိုပြိုင်ဆိုင်ဖို့စိန်ခေါ်တဲ့သူမျိုး မရှိတာကြာပြီလေ။ ဒီတော့ သူမအနေနဲ့ ငြင်းဆန်ဖို့ကတော့မဖြစ်နိုင်ဘူး။

ဒါ့အပြင် ဒီပြိုင်ပွဲမှာနိုင်ဖို့အပြည့်အဝယုံကြည်ချက်ရှိတယ်။ ဒါကြောင့် နှုတ်ထွက်ဖို့ဆိုတာဖြစ်နိုင်မှာမဟုတ်ဘူး။

သူတို့ညစာစားဖို့ယူထားတဲ့အခန်းထဲကိုရောက်မှ ကျိုးရိုသက်ပြင်းချလိုက်မိတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now