Chapter (63)

3.2K 439 8
                                    

Zawgyi

ကျိုးရိုတစ်ယောက် အရမ်းကိုပျော်ရွှင်မြူးတူးစွာနဲ့ သူမရုံးခန်းကိုပြန်လာခဲ့ပြီး ရှန်ယန်းအတွက်တောင်ကော်ဖီတစ်ခွက်ဖျော်ပေးလိုက်သေးတယ်။ ကုမ္ပဏီမှာနှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့ပေမယ့် စစ်မှန်တဲ့ပျော်ရွှင်မှုကိုခံစားရတာ ဒါက ပထမဆုံးအကြိမ်ပဲလေ။

သူမ ကုမ္ပဏီကိုရောက်တဲ့အချိန်ကတည်းက အနုပညာရှင်အသစ်လေးတွေ ဒါမှမဟုတ် မအောင်မြင်ဘဲအချိန်ကြာမြင့်နေတဲ့အနုပညာရှင်ဟောင်းတွေကိုသာကိုင်တွယ်ခဲ့ရပြီး အေးဂျင့်အသစ်တွေတောင် ကျန်းရှုထက်ကောင်းတဲ့အနုပညာရှင်တွေကိုလက်ထဲမှာထားနိုင်သေးတယ်။

ရွှေအဆင့်အေးဂျင့်တွေလက်ထဲမှာရှိတဲ့အနုပညာရှင်တွေကတော့ သူမရဲ့အနုပညာရှင်တွေထက်ပိုပြီးအောင်မြင်မယ်ဆိုတာပြောစရာမလိုတဲ့ကိစ္စပဲ ။ ဒါကြောင့် လက်ရှိရှန်ယန်းရရှိလိုက်တဲ့အောင်မြင်မှုက သူမကို တော်တော်ကြီးပျော်ရွှင်စေခဲ့တယ်။

ရှန်ယန်းအနေနဲ့ အရင်တုန်းက လက်ရှိမှာအောင်မြင်လာမယ့်ဒရမ်မာအသစ်တွေထဲမှာပါဝင်နိုင်ခဲ့တယ်။ ဒါပေမယ့် သူ(မ)ပါဝင်ခဲ့တဲ့ ဒရမ်မာတွေက အခုချိန်မှာထုတ်လွှင့်ခြင်းမရှိသေးဘူးလေ။ ဒါကြောင့် သူမအနေနဲ့ ချန်ဖေးဒရမ်မာရဲ့ကြော်ငြာအပိုင်းအစလေးကိုဘဲ ထပ်တလဲလဲပြန်ကြည့်နေရတယ်။ ထိုသို့ကြည့်နေတဲ့အချိန်တုန်းက ကျိုးရိုအချိန်အကြာကြီးနေလောက်တယ်လို့ထင်ခဲ့ပေမယ့် မမျော်လင့်ဘဲ ခဏအတွင်းပြန်လာခဲ့တယ်လေ။

ရှန်ယန်း : " အစ်မကျိုး ဝမ်ဖန်းကုမ္ပဏီမှာရှိလား"

ဝမ်ဖန်းရဲ့နာမည်ကိုကြားလိုက်တာနဲ့ ကျိုးရိုရဲ့နှုတ်ခမ်းပေါ်ကအပြုံးကပိုပိုပြီးထင်ရှားလာတယ်။

"သူကုမ္ပဏီမှာရှိတယ် ငါသူ့ကိုညစာအတွက်ပါဖိတ်ခဲ့တယ်နော်"

သူမက ရှန်ယန်းကိုပြန်ဖြေပြီးတာနဲ့ ဖုန်းကိုထုတ်ယူပြီး Aမြို့တော်မှာရှိနေတဲ့ အကောင်းဆုံးဟိုတယ်တွေကိုလိုက်ရှာလိုက်တယ်။

"ကြည့်ကြည့် မင်းဘယ်တစ်ခုကိုကြိုက်လဲ သီးသန့်နေရာတစ်ခုလောက် booking တင်လိုက်ရအောင်"

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now